Zawgyi



Honor ကနေအခုထွက်ရှိလာမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး တခြားသော အချက်အလက်တွေကို ပြောကြားခဲ့ခြင်းမရှိခဲ့ပေမယ့် Flagship Level ဖုန်းတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့ အတည်ပြုသွားခဲ့ပါတယ်။


Ref – GSM Arena

Unicode

ဒီနှစ်ကုန်ပိုင်းမှာ 5G Flagship ဖုန်းကို မိတ်ဆက်သွားမယ့် Honor

Huawei ကနေ အခုအချိန်မှာ Huawei Mate 20X 5G Edition နဲ့ Huawei Mate X ဆိုပြီး 5G ကို Support ပေးနိုင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Huawei ရဲ့ Brand အခွဲဖြစ်တဲ့ Honor ကနေ 5G ဖုန်းတွေကို မိတ်ဆက်လာမယ့် အချိန်ကို တရားဝင်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အခုသတင်းကို လက်ရှိပြုလုပ်နေတဲ့ Mobile World Congress 2019 Shanghai မှာ Company ရဲ့ President ဖြစ်တဲ့ George Zhao က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Honor ရဲ့ ပထမဆုံးသော 5G Flagship စမတ်ဖုန်းက လာမယ့် စတုတ္ထ (၃) လပတ် ၂၀၁၉ မှာ ထွက်ရှိလာမှာပါ။

Honor ကနေအခုထွက်ရှိလာမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်ပြီး တခြားသော အချက်အလက်တွေကို ပြောကြားခဲ့ခြင်းမရှိခဲ့ပေမယ့် Flagship Level ဖုန်းတစ်ခုစြဖ်လာမယ်ဆိုတာကိုတော့ အတည်ပြုသွားခဲ့ပါတယ်။

George Zhao ကတော့ အခု 5G စမတ်ဖုန်းတွေက နောက်နှစ်မှာ ရောင်းအားက အလုံးရေ သန်း ၁၀၀ အထိရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး တရုတ်နိုင်ငံဈေးကွက်မှာ အများဆုံးရောင်းချရနိုင်တယ်လို့ ယူဆထားတာလည်း ဖြစ်ပါတယ်။

Ref – GSM Arena