Honor ကနေ ပြီးခဲ့တဲ့လတုန်းက Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားတဲ့ Honor X8 စမတ်ဖုန်းကို Saudi Arabia မှာ မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Malaysia နိုင်ငံမှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Honor X9 စမတ်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Honor X9 စမတ်ဖုန်းဟာ 6.81″ IPS LCD Display ပါဝင်ပြီးတော့ Selfie Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Resolution အနေနဲ့ Full HD+ Resolution ရှိမှာဖြစ်ပြီး 120Hz Refresh Rate ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

Camera Setup အနေနဲ့ကတော့ Triple Back Camera Setup ကို အသုံးပြုထားပြီး 48MP Primary + 2MP Macro + 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Front Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို အသုံးပြုထားပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 695 Chipset ကိုအသုံးပြုထားပြီး RAM 8GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး 66W Fast Charging ကိုလည်း ထောက်ပံ့ထားမှာဖြစ်ပါတယ်။

လောလောဆယ်မှာတေ့ာ Honor X9 စမတ်ဖုန်းနဲ့ ပတ်သက်ပြီး စျေးနှုန်းနဲ့ နောက်ထပ်ရရှိနိုင်မယ့် နိုင်ငံတွေကို အသေးစိတ်မသိရသေးပေမယ့် အရောင်တွေအနေနဲ့ Midnight Black ၊ Titanium Silver နဲ့ Ocean Blue ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China