Zawgyi









Unicode

ကိုယ့်ရဲ့ Data Privacy နဲ့ Security က အခုခေတ်မှာ ဘယ်လောက်အရေးပါနေလဲ

ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို အရေးကြီးတာပဲဖြစ်ဖြစ်၊ အသေးအမွှားလေးပဲဖြစ်ဖြစ် တစ်စုံတယောက်က ခိုးယူသွားတယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကြိုက်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတိုင်းက ဒီလိုမျိုး သူတစ်ပါးပိုင်ဆိုင်တဲ့အရာတစ်ခုခုကို မသိအောင် ခိုးယူတာက ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ လက်ခံထားလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် နေ့တိုင်း သင်တောင်မသိလိုက်ပဲ နေ့စဉ်အသုံးပြုနေတဲ့ Social Media နဲ့ Communication App တွေက ကိုယ့်ရဲ့ Privacy နဲ့ Security ကို ခိုးယူနေတယ်ဆိုတာသင်သိပါသလား?

လက်ရှိဒီလိုမျိုး Social Media App တွေက အသုံးပြုသူတွေရဲ့ Personal Data တွေကို Profile Account ပြုလုပ်တာကနေစပြီးတော့ နာမည်၊ ကြိုက်နှစ်သက်တဲ့အရာတွေ၊ နေရပ်လိပ်စာ၊ မွေးနေ့နဲ့ အခြားသော Data ပေါင်းများစွာကို ကောက်ယူထားကြတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ သုံးနေတဲ့သက်တမ်းတစ်လျှောက်လုံးမှာလည်း ဒီ Application တွေက နေ့စဉ်ဘဝမှာ တွေ့ဖြစ်နေတဲ့သူတွေ၊ သွားဖြစ်တဲ့နေရာတွေ၊ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေအကြောင်းကိုပါ သိရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး Personal Information တွေကို ရယူနေတဲ့အပြင် နောက်ထပ်ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုကတော့ Permission Access ရယူထားနိုင်တာပဲဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တစ်နေရာကို ခရီးသွားဖို့ပြောနေရင်းနဲ့ အချိန်ခဏကြာတာနဲ့ ကိုယ့်ရဲ့ Social Media App တွေပေါ်မှာ အဆိုပါ ခရီးနဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေ တက်လာတာကို လူတိုင်းကြုံဖူးကြမှာပါ။ ဒါက ဒီ Application တွေက ကိုယ့်ရဲ့ Microphone ၊ Location နဲ့ တခြားသော Permission တွေကို ရရှိထားပြီးတော့ Background မှာ Run နေတယ်ဆိုရင်တောင်မှ ကိုယ်ပြောသမျှ စကားတွေကို နားထောင်ပြီး ကြော်ငြာရှင်တွေဆီကို ပြန်လည်ရောင်းစားပြီး အသုံးပြုနေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလို Social Media App တွေရှိနေတဲ့ဖုန်းတစ်ခုက အမြဲတမ်းကိုယ်ပြောနေတဲ့စကားတွေ၊ Personal Information တွေကို ဆက်တိုက်နားထောင်နေတယ်ဆိုရင်လည်း မမှားပါဘူး။

ဒီလိုမျိုး ကိုယ့်ရဲ့ Personal Information တွေကို ဒီလိုမျိုး Apps တွေက ရယူနေတာက တဖက်မှာလည်း ကြော်ငြာအပြင် မကောင်းတဲ့ကိစ္စရပ်တွေလည်း ဖြစ်ပွားလာနိုင်ပါသေးတယ်။ ဒါက ကိုယ့်ရဲ့ Account ကနေတစ်ဆင့် အရေးကြီးတဲ့ Information တွေကို ခိုးယူခံလိုက်ရတာဖြစ်နိုင်သလို တချို့ Messaging App တွေရဲ့ Server တွေမှာ သိမ်းထားတဲ့ Data တွေ ပေါက်ကြားသွားတာလည်းဖြစ်နိုင်ပါတယ်။ ဥပမာပြောမယ်ဆိုရင် ယခင်တုန်းက ဖြစ်ပွားခဲ့ဖူးသလိုမျိုး အနုပညာရှင်တွေရဲ့ ကိုယ်ပိုင် Private Message တွေပေါက်ကြားလာတာမျိုး၊ ဒါမှမဟုတ်ရင်လည်း ကိုယ့် Account ကို တနည်းနည်းနဲ့ ရယူထားပြီး Message တွေကနေ ပို့ထားတဲ့ Email Information တွေ၊ Mobile Banking Password တွေလိုမျိုး တန်ဖိုးကြီး Data တွေကို ခိုးယူခံလိုက်တာမျိုးတွေအထိ ဖြစ်နိုင်တယ်ဆိုရင်လည်း မမှားပါဘူး။

အခုအချိန်က လူတိုင်းက Social Media ကို အရေးကြီးတဲ့နေရာမှာ ထားထားကြတယ်ဆိုပေမယ့် ဒီ Social Media ဆိုတဲ့နေရာမှာ ကိုယ့်သူငယ်ချင်း၊ မိသားစုတွေနဲ့ ကိုယ့်ရဲ့ Lifestyle ကို ပြသဖို့ထက် ကိုကိုယ်တိုင်ရဲ့ Personal Information တွေကို လုံခြုံအောင်သိမ်းဆည်းဖို့က ပိုအရေးကြီးပါတယ်။ Social App တွေအကုန်လုံးနီးပါးက အခမဲ့သုံးနိုင်တယ်ဆိုပေမယ့် ဒီလိုအလွယ်သုံးနိုင်တာရဲ့ နောက်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအကုန်လုံးကို ခိုးယူသွားနိုင်တယ်ဆိုတာကိုလည်း သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ Personal Information တွေကို ကြော်ငြာရှင်တွေအတွက်ရော၊ Hacker တွေဆီကပါ ကာကွယ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက Security ကိုပိုဦးစားပေးတဲ့ Messaging App တွေကို ပြောင်းသုံးသင့်ပါတယ်။ အခုအချိန်မှာ တစ်ချို့သော Messaging App တွေက လုံးဝ ကြားဖြတ်ခိုးယူလို့မရတဲ့ End-to-End Encryption စနစ်ကို အသုံးပြုနေတဲ့အတွက် ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး ကျန်တဲ့ဘယ်သူမှ ကြားဖြတ်လို့မရတဲ့ အားသာချက်တွေရှိနေပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး တိုးတက်လာတဲ့ နည်းပညာခေတ်တစ်ခုမှာ အသစ်အဆန်းတွေနောက်လိုက်နေပြီး Social Media မှာပါ Active ဖြစ်နေတာ ကောင်းတယ်ဆိုပေမယ့် ဒီအရာတွေအားလုံးထက် ကိုယ့်ရဲ့ Personal Information နဲ့ Security ပိုင်းကိုတော့ အရေးအကြီးဆုံးအနေနဲ့ ထည့်သွင်းစဉ်းစားရမှာပါ။ ဒီလိုမျိုး ဘယ်ကမှန်းမသိတဲ့ Server တွေကို Data တွေပြန်ပို့နေတဲ့ Messaging App တွေအစား လုံခြုံတဲ့ Application တွေကို ရွေးချယ်တာအမှန်ကန်ဆုံးဖြစ်မှာပါ။