Gmail ဟာ လူသုံးအများဆုံး Email Service ဆိုတာ ငြင်းစရာ မလိုပါဘူး။ ကိုယ်ရေးကိုယ်တာ အတွက်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စအတွက်ပဲ ဖြစ်ဖြစ် Gmail ကို အသုံးပြုကြပါတယ်။ Gmail မှာ အလုပ်ကိစ္စအတွက် လုပ်ဆောင်ချက်များစွာ ပါပါတယ်။ ဒါပေမယ့် Gmail မှာ Table တွေ ထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက် မပါပါဘူး။

Gmail မှာ Table  ထည့်သွင်းချင်ရင် Google Sheets မှာ အရင်ဆုံး Table တည်ဆောက်ရမှာပါ။ Gmail မှာ Table ထည့်သွင်းဖို့ အောက်ပါ နည်းလမ်းကို လေ့လာပါ။

၁။ သင့် Web Browser ကနေ Google Sheets Website ကို ဒီလင့် ကနေ သွားပါ။

၂။ Google Sheets မှာ (+) Button ကို နှိပ်ပြီး Table ၁ ခု တည်ဆောက်ပါ။

၃။ ပြီးရင် Spreadsheet ကို Select လုပ်ပါ။

၄။ CTRL+C Button ကို နှိပ်ပြီး ကော်ပီကူးပါ။ နောက်တစ်နည်းက Google Sheet Menu ကနေ Edit>Copy ကို နှိပ်ပါ။

၅။ Web Browser ကနေ Gmail ကို ဖွင့်ပြီး Compose Button ကို နှိပ်ပါ။

၆။ Email Body ကို ကလစ်တစ်ချက်နှိပ်ပြီး CTRL+V Button ကို နှိပ်ပါ။ ဒါမှမဟုတ် Right Click နှိပ်ပြီး Paste ကို ရွေးပါ။

၇။ ဒါဆိုရင် Gmail မှာ Table ကို ထည့်သွင်းပေးမှာပါ။

Ref : techviral