လူမှုကွန်ယက် Facebook အသုံးပြုတာ ကြာလာတာနှင့် အမျှ Facebook ပေါ်မှာ တင်ထားတဲ့ အချက်အလက်တွေက များများလာမှာပါ။ ဓာတ်ပုံတင်တာတွေ၊ ကိုယ်ရောက်နေတဲ့ နေရာကို Check-in ၀င်တာတွေနဲ့ အချက်အလက်တွေ တော်တော်များနေမှာပါ။ ထောင်နဲ့ချီတဲ့  Status တွေနဲ့ Friends တွေ ပါဝင် အချက်အလက်တွေက အပုံလိုက်ဖြစ်နေမှာပါ။

အကယ်၍ Facebook ကနေ ခဏလောက် စွန့်ခွာချင်ရင် ဒါမှဟုတ် Facebook ကို မသုံးချင်တော့ရင် ကိုယ့် Facebook မှာ ရှိခဲ့တဲ့ အချက်အလက်တွေကို တော့ သိမ်းထားချင်ကြမှာပါ။ အချက်အလက်တွေ ဘယ်လို သိမ်းဆည်းမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေချင်ပါတယ်။

  • General Account Settings Page ကို သွားပါ။ Facebook Wall Page ရဲ့ Menu Bar အပြာလေးရဲ့ ဘယ်ဘက် နားမှာ မြှားလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒီ မြှားလေးကို နှိပ်လိုက်ရင် ကျလာတဲ့ Box လေးရဲ့ အောက်ဆုံးနားမှာ “Settings” ဆိုတာကို ရွေးပါ။ General Account Settings Page ကျလာရင် page အောက်ဆုံးမှာ “Download a Copy of your Facebook Data” ကို နှိပ်ပါ။

  • “Download a Copy” ဆိုတာကို နှိပ်လိုက်ရင် Facebook က ဘယ်လို Data တွေကို သိမ်းဆည်းပေးလို့ရလဲဆိုတာကို အသေးစိတ် ရှင်းပြပေးပါတယ်။

“Start My Archive” ကို နှိပ်ပြီး Download လုပ်လို့ရပါတယ်။

  • အချက်အလက်တွေကို Download မလုပ်ခင်မှာ Facebook အကောင့်ရဲ့ Password ကို ပြန်တောင်းပါတယ်။ Password ရိုက်ထည့်ပြီးမှ “Start My Archive”ဆိုတာကို ပြန်နှိပ်ပြီး ဒေါင်းလုပ်ခ် (Download) လုပ်လို့ ရပါတယ်။
  • Facebook ကနေ Mail ၂ စောင့်ပို့လာတတ်ပါတယ်။ တစ်စောင်က Facebookက အချက်အလက်တွေကို Download လုပ်ခိုင်းတာကို အသိပေးတဲ့စာဖြစ်ပြီး ဒုတိယစာကတော့ Download လုပ်ပြီးသွားပြီဆိုတာကို အသိပေးတဲ့ စာပါ။