Google Play Store ဟာ လက်ရှိထွက်ရှိထားသမျှ Android Application တွေအကုန်လုံးကို Download ရယူလို့ ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံကို အချို့သော Application တွေ၊ Game တွေက ပိတ်ပင်ထားတဲ့အတွက် Download ဆွဲလို့မရတာကို ကြုံဖူးမှာပါ။

အဲ့လိုမျိုးဖြစ်လို့ ပိတ်ထားခံရတဲ့ Application အကောင်းစားတွေကို Download ဆွဲချင်ရင် Google ရှာစရာမလိုပဲ တခါထဲ Download ဆွဲလို့ရတဲ့ နေရာ ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။

1. APK Mirror

APK Mirror ဆိုတာကတော့ Application တစ်ခုမဟုတ်ပဲ Website တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် APK Mirror ဟာ လက်ရှိအချိန်မှာ Android Application တွေအစုံလင်ဆုံးသော Website တစ်ခုဖြစ်ပြီး Google Play Store မှာတောင်မရှိသေးတဲ့ Beta Version Application တွေကိုပါ ရယူနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။

2. Aptoide

Android Application ပေါင်း ၉ သိန်းကျော်ရှိတဲ့အပြင် File Size ကြီးတဲ့ Android Game တွေကို Download လုပ်ချင်ရင် Aptoide က အကောင်းဆုံး App ပါ။ Aptoide မှာ အားသာချက်က Google Play Store ကနေ Policy နဲ့ မညီလို့ ပိတ်ထားခံရတဲ့ Application တွေပါရရှိနိုင်တာပဲဖြစ်ပါတယ်။

3. Get Jar

Get Jar Website က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲကရှိနေခဲ့တဲ့ Android Application တွေ Download လုပ်နိုင်တဲ့ Website တစ်ခုဖြစ်ပြီး အထူးသဖြင့် ကိုယ့်ဖုန်းက Android Version နိမ့်နေလို့ အဆင်ပြေတဲ့ Android Application တွေကို ရှာဖွေနေတဲ့သူတွေအတွက် ပိုပြီးသင့်လျော်ပါတယ်။

4. Mobogenie

Mobogenie ကတော့ Android ဖုန်းအသုံးပြုသူတွေ မသိတဲ့သူတွေရှားမှာပါ။ Android Application တွေ၊ ဂိမ်းတွေအပြင် သီချင်းတွေ၊ Music Video တွေပါ အလွယ်တကူ Download ရယူနိုင်တဲ့အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Application တစ်ခုလို့ ပြောလို့ရပါတယ်။

5. Getapk

Getapk က Android Application မျိုးစုံကို သေချာစနစ်တကျစီစဉ်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ အဆိုပါ Website မှာလည်း Android Application အစုံအလင်ကို ရရှိနိုင်ပြီးတော့ ဘာကို Download လုပ်ရမှန်းမသိရင် Top 100 လိုမျိုး List တွေကနေ ကြည့်ပြီး Download လုပ်လို့ရမှာပါ။