ကမ္ဘာပေါ်မှာ သီချင်းနဲ့ပတ်သတ်လာရင် နာမည်အကြီးဆုံး အင်တာနက်စာမျက်နှာတစ်ခုကတော့ YouTube ဖြစ်ပါတယ်။ YouTube မှာ တစ်မိနစ်ကို ဗီဒီယိုပေါင်း ၃၀၀ Uploaded တင်ကြပါတယ်။ ဒါပေမယ့် သူတို့ တင်ထားတဲ့ သီချင်း Format တွေက စမတ်ဖုန်းတွေ iPod တွေနဲ့ နားထောင်လို့ရတဲ့ Format မျိုးတွေ မဟုတ်တာတွေလည်းရှိပါတယ်။

ဒါပေမယ့်လည်း ဒါကို ဒေါင်းလို့မရဘူး (သို့) Format ပြောင်းလို့မရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
ဖိုင် Formats နဲ့ Quality  YouTube ကနေ သီချင်းတွေဒေါင်းရာမှာ aTube Catcher Application လိုမျိုး ဒေါင်းလုတ်လုပ်ယူပြီး Format တွေ ပြောင်းလို့ရပါတယ်။

http://downloads.techradar.com/downloads/atube-catcher


ဒီမှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။ အဓိကအားဖြင့်တော့ သီချင်းဆိုရင် MP3 နဲ့ ဒေါင်းတာများပါတယ်။ a Tube Catcher ကိုသုံးပြီး သီချင်းတွေဒေါင်းမယ်ဆိုရင် MP3 ဖိုင်အနေနဲ့ ဒေါင်းနိုင်ပါတယ်။  MP3 ဖိုင်တွေကိုလည်း ပုံစံအမျိုးမျိုး ဒေါင်းလို့ရပါတယ်။

ဖိုင်ဆိုဒ်ကို လျှော့ချလို့ရသလို အသံအရည်သွေးကိုလည်း ညှိယူလို့ရပါတယ်။ aTube Catcher လိုခေါ်တဲ့ Application ဟာဆိုလို့ရှိရင် 320 kbps,အရည်သွေးမြှင့်တထိဒေါင်းနိုင်ပြီး CD ခွေမှာပါတဲ့ အရည်အသွေးအတိုင်းရနိုင်ပါတယ်။ 64kbps နဲ့ ဒေါင်းမယ်ဆိုရင်တော့ အရည်အသွေးနည်းနည်းညံ့တဲ့ အနေအထားဖြစ်ပါတယ်။

Download လုပ်နည်း

(၁) အရင်ဆုံး Application ကို Install လုပ်လိုက်ပါ။ aTube Catcher Application က Free Apps တွေအများကြီးရှိပါတယ်။ Install လုပ်နေတဲ့အချိန်မှာ ကိုယ်ရဲ့ သဘောတူညီမှု Agree က အရမ်းအရေးကြီးပါတယ်။

aTube Catcher ကနေ Teoma App ကိုဒေါင်းမှာလို့လို့မေးပါလိမ့်မယ် ပြီးရင် သင့်ရဲ့ Browser Settings ကို ပြောင်းလိုက်ပါ။ Install လုပ်တဲ့သူတော်တော်များများက ဒီအဆင့်မှာ အမြဲမှားတတ်ကြပါတယ်။ သူပေါ်လာတဲ့ Box နှစ်ခုထဲက တစ်ခုကိ အမှန်ခြစ်လိုက်ပါ။

ပြီးရင် Cancel ခလုတ်ကို နှိပ်လိုက်ပါ။ နောက် Software တစ်ခု ဒေါင်းမလားလို့ကျလာတာတွေ့ပါလိမ့်မယ်။ Decline ခလုတ်ကိုနှိပ်လိုက်ပါ။ ပြီးရင်ဒေါင်းလို့ရပါပြီ။


(၂) မှန်ကန်တဲ့ သီချင်းကိုရွေးပါ။ aTube Catcher ကနေ သင်လုပ်ရမှာက ကောင်းတဲ့ သီချင်းရှာဖိုပါပဲ။ YouTube ကနေ သီချင်းကိုရှာတွေ့ပြီဆိုရင် aTube Catcher က URL del Video ဆိုတဲ့ Box နားမှာ paste လုပ်နိုင်ပါတယ်။ ပြီးရင်တော့ Output Profile ကိုနှိပ်ပါ။ ပြီးရင် Format နဲ့ Quality ကို ရွေးပါ။

(၃) Version အမှန်ရွေးပါ။

Mp 4, WebM or 3GPPP ဆိုတဲ့ ဖိုင်တွေ ကျလာမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကို Ignore လုပ်လိုက်ပါ။ ဖုန်းထဲမှာ သိပ်မဆံ့တော့ဘူးဆိုရင် Mp4ကိုရွေးပါ။ WebMနဲ့ သိပ်မကွာပါဘူး။ Mp4 ကအသံပိုကောင်းပါတယ်။ ပြီးရင် ဒေါင်းလိုက်ပါ။


Lossy Compression ဆိုတာ ဘာလဲ

MP3 Lossy Compression လို့ခေါ်တဲ့ နည်းပညာကိုသုံးပြီး ဖိုင်အရွယ်အစားကို ညှိယူပြီး၊ အသံအရည်အသွေးကိုတော့ CD ထဲကအတိုင်း အလန်းစားကိုရယူလို့ရပါတယ်။

မှန်ကန်တဲ့ Bitrate ကိုရွေးချယ်ခြင်း

အဖြူအမည်းရုပ်ရှင်ကားကို Color ပါတဲ့ တီဗီပေါ်မှာကြည့်ရင်လည်း အရောင်ပေါ်လာမှာတောမဟုတ်ပါဘူး။ ဒီလိုပဲ YouTube ပေါ်က ဗီဒီယိုရဲ့ မူလအသံအရည်သွေးမကောင်းဘူးဆိုရင်လည်း ကောင်းလာနိုင်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် စပြီး ဗီဒီယိုဒေါင်းမယ် သီချင်းဒေါင်မယ်ဆိုကတည်းက အသံအရည်အသွေးရော ရုပ်အရည်အသွေးကိုရော သေချာရွေးချယ်နိုင်ဖို့လိုပါတယ်။ YouTube ကတော့ ဗီဒီယိုတင်တဲ့သူတွေကို အသံအရည်သွေး Bitrate 384 kbps သုံးပြီးတင်ဖို့ ပြောထားပေမယ့် အများအားဖြင့်တော့ 128 kbps ကနေ 192kbps ထိပဲ ရှိပါတယ်။ Bitrate ကို 192 kbps ရွေးပါ။