Android မှာ Screenshot တွေ ပေးပို့ဖို့ အဆင့်အနည်းငယ် လုပ်ရပါတယ်။ Screenshot ဖမ်းပြီး Gallery App မှာ အဲဒါကို ရှာရပါတယ်။ ပြီးရင် ဘလူးတု သို့မဟုတ် Messaging App ကနေ ပို့ရပါတယ်။ Gboard ကို သုံးရင်တော့ အဲဒီ အလုပ်ရှုပ်မှုတွေ ကင်းဝေးသွားမှာပါ။ Android မှာ Gboard ကနေ Screenshot တွေ လွယ်ကူစွာ ပေးပို့နည်းကို ပြောပြချင်ပါတယ်။
Gboard က သင့် Screenshot ကို Clipboard မှာ သိမ်းပေးထားပြီး Copy/Paste သဘောနဲ့ မြန်မြန် ပေးပို့နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အောက်ပါ အဆင့်အတိုင်း လုပ်ဆောင်ပါ။
၁။ Gboard Beta Version 10.5.04.367007960 နဲ့ အထက်ကို Play Store ကနေ အင်စတောလုပ်ပါ။ သင်ဟာ Beta Program မှာ စာရင်းပေးသွင်းထားမှ Beta Version ကို အင်စတောလုပ်လို့ရမှာပါ။ ဒါမှမဟုတ် APK Mirror မှာ ဒီလင့် ကနေ အင်စတောလုပ်ပါ။
၂။ သင့် Android Device မှာ Gboard ကို Default Keyboard အဖြစ် သတ်မှတ်ပြီး သင်နှစ်သက်ရာ Messaging App တစ်ခုကိုဖွင့်ပါ။
၃။ Keyboard ထိပ်နားက Clipboard Icon ကို နှိပ်ပါ။ အဲဒီမှာ Clipboard Icon ကို မပြထားရင် အစက်သုံးစက် Icon ကို နှိပ်ပြီး Clipboard Option ကို ရွေးပေးပါ။
၄။ Gboard က စာသားနဲ့ ဓါတ်ပုံတွေကို တစ်နာရီကြာ သိမ်းပေးထားရမလားလို့ မေးမှာပါ။ “ Turn on Clipboard” ခလုတ်ကို နှိပ်ပါ။
၅။ Device Storage ကို Gboard က Access လုပ်ခွင့်ပေးပါ။ ဒါဆိုရင် Gboard က Clipboard မှာ ဓါတ်ပုံတွေနဲ့ Screenshot တွေကို ပြပေးမှာပါ။
၆။ သင် Screenshot ရိုက်ပြီးရင် အဲဒါကို Clipboard မှာ ပြသပေးမှာပါ။ Paste ကို နှိပ်ပြီး Messaging App မှာ လွယ်ကူ လျှင်မြန်စွာ ပေးပို့နိုင်ပါတယ်။
အဲဒီ လုပ်ဆောင်ချက်ကို Gboard Beta App မှာပဲရသေးပြီး အနာဂတ်မှာ Stable Version မှာ ရမယ်လို့ထင်ပါတယ်။
Ref : maketecheasier