တခါတရံ လူစည်ကားတဲ့ ၊ ကားပါကင်အကျယ်ကြီးရှိတဲ့ ဈေးဝယ်စင်တာတွေမှာ ကားကိုဘယ်နားရပ်ခဲ့မှန်းမသိတဲ့ အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်။ နွေရာသီ ပူပူအိုက်အိုက် အသက်ရှူကျပ်တဲ့ မြေအောက် ကားပါကင်မှာ ကားကို ရှာရတာဟာ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကားကို Android ဖုန်းသုံးပြီး ပြန်ရှာလို့ရတဲ့ နည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

ကားပါကင်မှာ ရပ်ထားတဲ့ ကားရှာတဲ့ App ကို ဒေါင်းလုပ်ခ်ဆွဲပါ။

  • အရင်ဆုံး ကားပြန်ရှာလို့ရတဲ့ App တွေကို Android ဖုန်းရဲ့ အင်တာနက်ကနေ တစ်ဆင့် Google Play Store ကို ဖွင့်ပါ။
  • “Find parked Car” ဆိုပြီး Google Play Store ထဲမှာ ရှာပါ။

  • “Find parked Car”လို့ Google Play Store မှာ ရိုက်ထည့်ပြီး ရှာလိုက်ရင် သက်ဆိုင်တဲ့ ကားပျောက်တာရှာတဲ့ App တွေ အများကြီး ကျလာပါလိမ့်မယ်။ အဲ့ဒီအထဲမှာ Rating 4.5 ထက် များတဲ့ App တွေကို ရွေးချယ်ပြီး ဒေါင်းလုပ်ခ် (Download) ဆွဲသင့်ပါတယ်။ “Find parked Car”ဆိုတဲ့ App လေးကတော့ တော်တော် အသုံးဝင်ပါတယ်။

  • ကိုယ်နဲ့အဆင်ပြေတဲ့ App ကို Android ဖုန်းထဲ Install လုပ်ပါ။

ဥပမာ “Find parked car” App ကို နှိပ်လိုက်ရင်၊ Find parked car ရဲ့ စာမျက်နှာ ကျလာပြီး သူ့ဘေးနားမှာ Install ဆိုတဲ့ ခလုတ်ကို တွေ့မှာပါ။ အဲ့ခလုတ်ကို နှိပ်လိုက်ရင် Android ဖုန်းထဲကို Install လုပ်ပေးမှာဖြစ်ပါတယ်။

App ကို အသုံးပြုနည်း

  • App ကို ဖုန်းထဲမှာ Install လုပ်ပြီးရင် ကားကို ပါကင်မှာရပ်လိုက်ပါ။ ကားဘယ်နားမှာ ရပ်ခဲ့လဲဆိုတာ စိတ်ပူစရာမလိုတော့ပါဘူး။ သင့်ဖုန်းထဲမှာရှိတဲ့ App လေးက ကူညီပါလိမ့်မယ်။

  • ကားကနေမခွာခင်မှာ ကိုယ့်ဖုန်းထဲမှာရှိတဲ့ ရပ်ထားတဲ့နေရာကို ရှာတဲ့ App ကို ဖွင့်လိုက်ပါ။  ဥပမာ Find parked car App ကို Install လုပ်ထားရင်၊ အဲ့ဒီ App ကို ဖွင့်ပါ။ ကားပါကင်(Parked) ဆိုတဲ့ Mode ကို ရွေးပါ။ ကိုယ့်ဖုန်းထဲမှာပါရှိတဲ့ GPS နဲ့ ကားရပ်ထားတဲ့နေရာကို မှတ်ထားပါလိမ့်မယ်။

  • ကားကို ထားပြီး ကိုယ်လုပ်စရာရှိတာတွေ လုပ်လိုက်ပါ။
  • ကားကိုပြန်ရှာချင်တယ်ဆိုရင် အဲ့ဒီ App ကို ပြန်ဖွင့်ပြီး “Find car”ဆိုတာကို နှိပ်လိုက်ပါ။

  • ကိုယ့်ကားရပ်ထားတဲ့နေရာကို မြေပုံနဲ့ ပြပါလိမ့်မယ်။ မြေပုံပေါ်မှာ မြှားလေးနဲ့ညွှန်ပြပြီး မြှားနောက်လိုက်သွားရင် ကိုယ့်ကားကို ပြန်တွေ့ရပါလိမ့်မယ်။
  • အကယ်၍ ဒီ App ကို သုံးတာကြာခဲ့ရင်လည်း ကိုယ်အရင် ရပ်ခဲ့တဲ့နေရာတွေကိုလည်း ပြန်ရှာကြည့်နိုင်ပါတယ်။