Microsoft ဟာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ Windows 11 ကို တရားဝင် Stable Version မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ သင့်ရဲ့ ကွန်ပျူတာက Windows 11 ကို အသုံးပြုနိုင်တယ်ဆိုရင် အောက်တိုဘာလ ၅ ရက်နေ့နောက်ပိုင်းမှာ တရားဝင် Update ပြုလုပ်နိုင်မှာပါ။

ဒါပေမယ့်လည်း အောက်တိုဘာလ ၅ ရက်နေ့အထိလည်းမစောင့်ချင်ဘူး၊ လောလောဆယ်မှာ Microsoft ကနေထုတ်ပေးထားတဲ့ Dev Channel နဲ့ Beta Version တွေကိုလည်း မသုံးချင်ဘူးဆိုတဲ့သူတွေအတွက် Microsoft ကနေ သတင်းကောင်းတစ်ခုထုတ်ပေးလိုက်ပါတယ်။ ဒါကတော့ Windows Insider Release Preview Channel အတွက်ပါ Windows 11 ကို Update ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် Windows 11 ကို စောပြီး အသုံးပြုချင်တယ်ဆိုရင် အရင်ဆုံးအနေနဲ့ Microsoft PC Health Check App ကနေစစ်ဆေးပြီး ကိုယ့်ကွန်ပျူတာက Windows 11 ကို သုံးနိုင်မလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Settings – Update & Security ကနေတစ်ဆင့် Windows Insider Program ကို ကိုယ့်ရဲ့ Microsoft Account နဲ့ ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Insider Preview တွေထဲက Release Preview ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ကွန်ပျူတာကို Restart ချဖို့လိုအပ်မှာဖြစ်ပြီး ပြန်တက်လာတဲ့အချိန်မှာ Update စစ်ကြည့်လိုက်တာနဲ့ Windows 11 ကို Update လုပ်နိုင်ပြီဖြစ်ပါတယ်။ Release Preview Version ဖြစ်တာကြောင့် Stable အတိုင်းပဲ Bug တွေနည်းပါးမှာဖြစ်ပြီး Stable ထွက်ရှိတဲ့အချိန်မှာ ပြောင်းလဲ Update ပြုလုပ်ပြီးတာနဲ့ “Stop Getting Preview Builds” ကို ရွေးချယ်ပြီး Stable အနေနဲ့ အသံုးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge