LG G6 မှာဆိုရင် Google Assistant အသုံးပြုလို့ရနေပါပြီ။ Google Assistant ဟာ အင်တာနက်မှာ ကိုယ်ရှာချင်တဲ့ အကြောင်းအရာ၊ ကိုယ်ဖွင့်ချင်တဲ့ App နဲ့ ကိုယ် ဖုန်းကို အသုံးပြုပြီး လုပ်ဆောင်ချင်တဲ့ ကိစ္စရပ်တွေကို နှုတ်ဖြင့် ခိုင်းစေနိုင်တဲ့ ကိုယ်ရေးအရာရှိလို App မျိုးဖြစ်ပါတယ်။

ဒါပေမယ့် Google Assistant နဲ့ ကိုယ်နဲ့ အကျွမ်းဝင်အောင် လုပ်ဆောင်ရမယ့် အဆင့်လေးတွေတော့ ရှိနေပါသေးတယ်။

  1. အရင်ဆုံး Google Assistant App ကိုဖွင့်လိုက်ပါ။ Continue ကိုနှိပ်လိုက်ပါ။
  2. ကိုယ့်အသံကို Google Assistant က နားလည်အောင် လေ့ကျင့်ပေးရပါမယ်။ ဒါကြောင့် “Get Started” ကိုနှိပ်လိုက်ပါ။
  3. “Ok, Google”ဆိုတာကို အသံထွက်ပြောပါ။ Google Assistant ကို ကိုယ့်အသံကို နားလည်ဖို့အတွက် ၃ ကြိမ်လောက် ပြောပေးပါ။

Turn on Trusted Voice မှာဆိုရင် ကိုယ့်ဖုန်းက Lock လုပ်ထားရင် Okay Google ဆိုပြီး အသံထွက်ပြောပေးတာနဲ့ ကိုယ့်အသံကို စစ်ဆေးပြီး ဖုန်းကို Lock ဖြုတ်ပေးမှာဖြစ်ပါတယ်။

Google Assistant ကို သေချာသုံးနိုင်သွားရင် ဥပမာ အားဖြင့် ကိုယ့်ရဲ့ အကြိုက်ဆုံး ဘောလုံးအသင်းက ဘယ်တော့လောက်ကန်မလဲဆိုတာကို နှုတ်ဖြင့် မေးမြန်းကာ Google Assistant ကို ရှာခိုင်းလို့ရပါတယ်။ ဒါမှမဟုတ်လည်း ဒီနေ့ ရာသီဥတုက အပူချိန်ဘယ်လောက်ရှိနေသလဲစတဲ့ မေးခွန်းတွေကိုလည်း မေးလို့ရပါတယ်။

Google မှာ ရှာနေချိန်မှာ အောက်မှာ အပြာရောင် မိုက်ခရိုဖုန်းပုံလေးနဲ့ Google Assistant ပုံပေးပေါ်နေပါလိမ့်မယ်။

ကိုယ်က Google Assistant ကို သုံးချင်ရင် အဲ့ပုံလေးကို နှိပ်ပြီး သုံးလို့ရပါတယ်။

Google Assistant ကို ဖြုတ်ထားချင်ရင် Google ထဲက Setting ကိုဝင်ပါ။ ပြီးရင် Google Assistant ထဲက Setting ကို ထပ်ဝင်ပါ။

အဲ့ဒီမှာ Google Assistant ကို ပိတ်တာဖွင့်တာ လုပ်လို့ရပါတယ်။

Google Assistant ကို မတူတဲ့ မေးခွန်းတွေ အများကြီးမေးလို့ရပါတယ်။ Google Assistant ကိုသုံးတာအချိန်ကြာလေလေ ခင်ဗျားဆီကနေ သူပိုပြီးလေ့လာခွင့်ရပြီး ကိုယ်နဲ့အဆင်ပြေအောင် လုပ်ဆောင်သွားနိုင်တဲ့ စနစ်တွေလည်းပါဝင်ပါတယ်။