ကိုယ်တင်တဲ့၊ ကိုယ် Share တဲ့ Post တွေကို အကောင့်ထဲက လူတချို့ မမြင်ရအောင်

အကယ်၍ ကိုယ့် Facebook အကောင့်ထဲမှာ အမျိုးတွေ ရှိနေပြီး ကိုယ် ဘယ်လို Post မျိုးတင်တယ်၊ ဘာတွေ လုပ်တယ်ဆိုတာ စောင့်ကြည့်ပြီး ပြန်အတိုင်ခံရတတ်တာတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးကျရင် အသုံးတည့်တဲ့ နည်းလမ်းပါ။

ကိုယ်တင်ချင်တဲ့ Post ဒါမှမဟုတ် Share ချင်တဲ့ Post ဘေးမှာ Friends ကို မရွေးဘဲ၊ Friends Except (ဘယ်သူမှအပ ကျန်သူတွေ အကုန်မြင်)၊ Custom ဆိုပြီး (ဘယ်သူ မြင်ရမယ်၊ ဘယ်သူ မမြင်ရဘူး) ဆိုတာကို ရွေးချယ်ထားလို့ရပါတယ်။

ကိုယ့်အကောင့်ရဲ့ Profile ကို တခြား တစ်ယောက်အနေနဲ့ ပြန်ကြည့်မယ်

ကိုယ့်ကို မသိတဲ့ တစိမ်းတစ်ယောက်က ကိုယ့် Profile ကို ၀င်ကြည့်တဲ့အခါမှာ ဘာတွေ မြင်ရမလဲဆိုတာ သိချင်ပါသလား။

ကိုယ့် Wall Page ကို သွားလိုက်ပါ။ Edit Profile၊ View Activity Log ပြီးရင် အစက် ၃ စက်ပါတဲ့ ခလုတ်လေးကို တွေ့ရင် နှိပ်လိုက်ပါ။

အဲ့မှာ View as ကို ရွေးပါ။

အဲ့ဒါဆိုရင် ကိုယ့်အကောင့်ကို ကိုယ်နဲ့ မသိတဲ့ သူတစ်ယောက်ဝင်ကြည့်သလိုမျိုး တွေ့ရပါလိမ့်မယ်။

ဒီလို အခြေအနေမျိုးမှာဆိုရင် ကိုယ်တင်ထားတဲ့ ထိလွယ်ရှလွယ်ကိစ္စရပ်တွေ၊ Posts တွေ တွေ့ရမှာ မဟုတ်ပါဘူး။

View as Specific Person ကို နှိပ်ပြီး ကိုယ်နဲ့ Friend ဖြစ်နေတဲ့ လူတစ်ယောက်နဲ့ နာမည်နဲ့ ရှာကြည့်လိုက်ရင် အဲ့ဒီ သူငယ်ချင်း ကိုယ့် Wall ကို မြင်ရတဲ့အတိုင်း မြင်နေရမှာ ဖြစ်ပါတယ်။

Facebook Messenger ကိုလည်း Website နဲ့လည်း အသုံးပြုလို့ရ

Facebook က Messenger ကို စမတ်ဖုန်းအတွက်ဘဲ ထုတ်လုပ်ထားတာမဟုတ်ဘဲ ကွန်ပျုတာနဲ့ သုံးတဲ့အခါ သုံးလို့ရအောင် ပြုလုပ်ထားပါတယ်။

Facebook Messenger Website မှာ သွားပြီး Log in လုပ်ထားလို့ရပါတယ်။

Group Chats တွေအသုံးပြုရာမှာ Messenger က ပိုပြီး အသုံးဝင်ပါတယ်။ Group Chat မှာ ပါဝင်တဲ့သူတွေရဲ့ စာရင်းကို အလွယ်တကူကြည့်လို့ရနိုင်သလို အနှောင့်အယှက်ဖြစ်ရင်လည်း ပိတ်ထားလို့ရပါတယ်။