LG ကုမ္ပဏီက Fingerprint ဆင်ဆာကို ဖုန်းရဲ့ အနောက်ဘက်ထားထားပါတယ်။ 5.7 လက်မရှိတဲ့ ဖုန်းတွေ တော်တော်များများက ဖုန်းရဲ့ အရှေ့မှာဘဲ Fingerprint ထားလေ့ရှိတာကြောင့် တခြားဖုန်းတွေနဲ့မတူတဲ့ ထူးခြားချက်တစ်ခုဘဲဖြစ်ပါတယ်။

Fingerprint ဆင်ဆာကို Set Up လုပ်တဲ့ နည်းလမ်းလေးတွေကို ဝေမျှ ချင်ပါတယ်။

  • LG Screen ရဲ့ ဘားလေးကို အောက်ဆွဲချလိုက်ပြီး ဖုန်းရဲ့ Settings ထဲကို ၀င်လိုက်ပါ။

  • Setting ထဲက Fingerprints and Security ကို နှိပ်ပြီး ၀င်လိုက်ပါ။

  • Fingerprints ထဲကို ၀င်ပါ။
  • Add Fingerprint ထဲကို ၀င်ပါ။

  • Fingerprint ဆင်ဆာပေါ်ကို ကိုယ်မှတ်ချင်တဲ့ လက်ကို တင်လိုက်ပါ။

  • Fingerprint တစ်မျိုးဘဲ မှတ်ချင်ရင် Ok ခလုတ်ကို နှိပ်လို့ရပါတယ်။ အကယ်၍ ကိုယ့်ရဲ့ Fingerprint တစ်မျိုးမက မှတ်ချင်ရင်တော့ Add More ခလုတ်ကို နှိပ်ပါ။ တခါတရံ ကိုယ့်လက်ရဲ့ ဘယ်ဘယ်နဲ့ ညာဘက်တွေမှာပါ မှတ်ထားလို့ရှိရင် ကိုယ်ကိုင်နေကျ ညာဘက်နဲ့မဟုတ်ဘဲ ဘယ်ဘက်နဲ့ ဖုန်းကိုင်လိုက်ရင်လည်း ဖုန်းဖွင့်လို့ရမှာဖြစ်ပါတယ်။

  • စခရင်မှာပေါ်နေတဲ့ Fingerprint ဆိုတဲ့စကားလုံးကို ထောက်ပြီး ကိုယ်ပေးချင်တဲ့နာမည်ပေးလို့ရပါတယ်။

  • ကိုယ်မှတ်ထားတဲ့ Fingerprint ကို ဖျက်ချင်ရင်လည်း ဘေးက အမှိုက်ပုံးပုံလေးကို နှိပ်ပြီး ဖျက်လိုက်လို့ရပါတယ်။

  • ကိုယ်မှတ်ထားတဲ့ Fingerprint ကို စခရင် (Screen) Lock အတွက်လား Content Lock ဖြစ်တဲ့ ဓာတ်ပုံ Gallery တို့တခြား App တွေဝင်တဲ့အခါမှာ သုံးမလားဆိုတာကို ရွေးပေးလို့ရပါတယ်။