Android စမတ်ဖုန်းသုံးနေတဲ့သူအများစုကို သူတို့ရဲ့ Android ဖုန်းတွေက ကြာလာရင် လေးလာတယ်၊ နှေးလာတယ်ဆိုပြီး ပြောနေကြတာကို ကြုံဖူးကြမှာပါ။ အဲ့ဒါက အမှန်အတိုင်းပြောရရင် စမတ်ဖုန်းတွေထက် ကိုယ့်ရဲ့ အသုံးပြုသူမှုကြောင့်ပဲ နှေးလာတာက ပိုများပါတယ်။ အဲ့ဒီအတွက် အခုပြောပြမယ့် အချက်လေးတွေကို လုပ်လိုက်မယ်ဆိုရင် အရင်ထက်ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။

1. ဘာကြောင့် ကိုယ်ဖုန်းက နှေးနေလဲဆိုတာကို အဖြေရှာကြည့်ပါ

အရင်ဆုံးကိုယ့်ဖုန်းကိုနှေးလာပြီလို့ ယူဆလာတယ်ဆိုရင် အရင်ဆုံး CPU Speed ၊ RAM စားသုံးမှုကို လေ့လာတဲ့ Application တွေနဲ့ အရင်ဆုံးစစ်ကြည့်ပါ။ တကယ်လို့ တချို့ App တွေ CPU ကို ခိုင်းနေတာ ရှိမရှိစစ်ဆေးကြည့်ပါ။

2. ဖုန်းရဲ့ မလိုအပ်တဲ့ Storage တွေကို ဖယ်ရှားပါ

Android ဖုန်းတွေမှာ မလိုအပ်တဲ့ Storage တွေပုတ်နေတာက ဖုန်းကို လေးလံစေတဲ့အဓိကအချက်တစ်ခုဖြစ်မှာပါ။ မလိုအပ်တဲ့ Storage တွေထဲမှာ မသုံးဖြစ်တဲ့ Application တွေ၊ Cache Data တွေနဲ့ Download လုပ်ထားတဲ့ Files တွေပါဝင်မှာပါ။

3. Widgets တွေကို မသုံးပါနဲ့

Widgets တွေက စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့အဓိကအချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ သင့်စမတ်ဖုန်း Home Screen မှာ Widget တွေကို တင်ထားတတ်တယ်ဆိုရင် အခုပဲဖြုတ်ပစ်လိုက်ပါ။

4. Animations တွေကို ပိတ်ထားပါ။

System Animation တွေက ဖုန်းကိုမသိမသာနဲ့ လေးလံစေတဲ့အချက်တစ်ခုပါ။ အဲ့ဒီအတွက် သင့်ဖုန်းရဲ့ Home Screen Setting မှာပဲဖြစ်ဖြစ်၊ Developer Option မှာ System Animation တွေကို ပိတ်ထားလိုက်တာက သိသိသာသာပိုမြန်လာစေမှာပါ။

5. ဖုန်းကို တရက်တခါ Reboot ချပေးပါ။

တစ်ခါတလေမှာ Android ဖုန်းတွေမှာနောက်ကွယ်မှာ Run နေတဲ့ Process တွေကများပြားနေပြီး ဖုန်းက လေးလာတတ်ပါတယ်။ အဲ့ဒီအတွက် မနက်ခင်းဖုန်းကို အသုံးမပြုခင်မှာ Power Button ကို ဖိထားပြီး ဖုန်းကို Reboot ချပြီး အသုံးပြုလိုက်ပါ။

6. System Update ကို အမြဲပြုလုပ်ပါ။

အချို့သော ဖုန်းအသုံးပြုသူတွေက ကိုယ့် Android ဖုန်းကို Update ပုံမှန်ပြုလုပ်လေ့မရှိပဲ ဝယ်တုန်းကအတိုင်းပဲထားတာကြာတာဖြစ်ပါတယ်။ အဲ့ဒီအချက်က ကောင်းတဲ့အချက်မဟုတ်ပဲ System Update ရရှိတိုင်း Update ပြုလုပ်တာက ဖုန်းကို အမြဲတမ်းသွက်နေစေပါလိမ့်မယ်။