Covid-19 ကပ်ရောဂါကာလမှာ Mask တပ်ထားဖို့ အရမ်းကို အရေးကြီးပါတယ်။ အရင်တုန်းကတော့ Mask တပ်ထားရင် iPhone ရဲ့ Face ID ကို သုံးလို့မရပါဘူး။ အခုတော့ Apple က ဒီပြဿနာကို ဖြေရှင်းပေးထားပါတယ်။ ဒီဆောင်းပါးမှာ Apple Watch ကို အသုံးပြုကာ Mask တပ်ထားရင်း iPhone ကို Unlock လုပ်နည်းကို ပြောပြချင်ပါတယ်။
လိုအပ်တဲ့ အရာတွေ
Apple ရဲ့ “Unlock with Apple Watch” လုပ်ဆောင်ချက်ကို သုံးဖို့အတွက် လိုအပ်တဲ့အရာတွေကို အောက်မှာ လေ့လာပါ။
- Face ID ၊ iOS 14.5 နဲ့ သူ့အထက် ပါတဲ့ iPhone
- Apple Watch Series 3 နဲ့ သူ့အထက်၊ watchOS 7.4 နဲ့ သူ့အထက် ပါတဲ့ Apple Watch
“Unlock with Apple Watch” ကို Set Up လုပ်နည်း
- iPhone မှာ Settings App ထဲသွားပါ။
- အောက်ကိုဆင်းပြီး “Face ID & Passcode” ကို ရွေးပါ။
- Passcode ထည့်ပေးပါ။
- “Unlock with Apple Watch” ထဲသွားရင် သင့် အကောင့်နဲ့ချိတ်ဆက်ထားတဲ့ Apple Watch ကို မြင်ရမှာ ဖြစ်ပြီး Toggle ကို On ထားပါ။
- ဒါဆိုရင် iPhone က ဒီလုပ်ဆောင်ချက် သုံးမလားဆိုတာမေးမှာဖြစ်ပြီး အတည်ပြုပေးပါ။
Mask တပ်ထားရင်း iPhone ကို Unlock လုပ်နည်း
- သင့် Apple Watch ကို Unlock လုပ်ထားပါ။
- iPhone ကို သင့်မျက်နှာ ပြလိုက်ရင် Mask တပ်ထားတာကို ဖုန်းက သိမှာပါ။
- ပြီးရင် ဖုန်းက Unlock ဖြစ်သွားမှာ ဖြစ်ပြီး Screen ရဲ့ အောက်ခြေကနေ အထက်ကို ပွတ်ဆွဲပါ။ ဒါဆိုရင် Apple Watch က ဖုန်းကို Unlock လုပ်ပြီးကြောင်း အသိပေးမှာပါ။
သိထားသင့်တာက “Unlock with Apple Watch” လုပ်ဆောင်ချက်က Face ID ကို သုံးတာ မဟုတ်ဘဲ Apple Watch ရဲ့ အကူအညီကို ယူထားတာပါ။ အဲဒီအတွက် Apple Pay နဲ့ Password ခံထားတဲ့ App တွေကို သုံးလို့မရပါဘူး။
Ref : maketecheasier