>Google ရဲ့ အောင်မြင်တဲ့စနစ်တစ်ခုဖြစ်တဲ့ Google Translate ဟာ ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာနေတဲ့သူတွေအတွက် အကောင်းဆုံးသော စနစ်တစ်ခုလို့ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ကျော် ၂၀၀၆ ခုနှစ် ဧပြီလက စတင်ခဲ့တဲ့ Google Translate Service ဟာလက်ရှိအချိန်မှာ ဘာသာစကား ၁၀၃ မျိုးကို ဘာသာပြန်ပေးနိုင်နေပြီဖြစ်ပြီး လက်ရှိလူသန်းပေါင်း ၂၀၀ ခန့်က နေ့စဉ်ပုံမှန်သုံးစွဲနေကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လည်း Google Translate ကို အသုံးပြုပြီး ဘာတွေသင်ယူနိုင်မလဲ လေ့လာကြည့်ရအောင်လား…

Website Version

Google Translate ကို Mobile Devices တွေမှာ Application နဲ့ မဟုတ်ပဲ Computer ကနေ အသုံးပြုမယ်ဆိုရင် www.translate.google.com ကနေပဲ အသုံးပြုရမှာဖြစ်ပါတယ်။

Website အနေနဲ့ အသုံးပြုတာက ပုံမှန်စာကြောင်းတစ်ခုကို ဘာသာပြန်တာတွေကို ပြုလုပ်နိုင်တဲ့အပြင် ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ရေးသားထားတဲ့ Website ရဲ့လိပ်စာကို Copy/Paste လုပ်ပြီး Website တစ်ခုလုံးကိုပါ ဘာသာပြန်ပေးနိုင်ဦးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အခြားဘာသာစကားတစ်ခုခုနဲ့ရေးထားတဲ့ Word Document, PDF (သို့) အခြား Document file တစ်ခုကို Upload တင်ပေးလိုက်တာနဲ့ အဆိုပါ File တစ်ခုလုံးကို ဘာသာပြန်ပေးမှာဖြစ်ပါတယ်။

Mobile Version

ကျွန်တော်တို့ Google Translate ကို ဖုန်းမှာလည်း အသုံးပြုလို့ရတယ်ဆိုတာ သိပါသလား? Google Translate App ကို Andoid ဖုန်းတွေဆိုရင် Google Play Store နဲ့ Apple iDevices တွေဆိုရင် Apple App Store ကနေ အခမဲ့ Download ရယူလို့ရပါတယ်။ Mobile App နဲ့ အသုံးပြုမယ်ဆိုရင် Website ကနေတစ်တဆင့် အသုံးပြုတာနဲ့မတူညီတဲ့ Features တွေပါဝင်မှာဖြစ်ပါတယ်။ ဥပမာ Voice Input ပါဝင်တဲ့အတွက် စာမရိုက်တတ်တဲ့ ဘာသာစကားတွေကို အသံထွက်ပြောလိုက်ရုံနဲ့ ဘာသာပြန်ဆိုပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါအပြင် အသုံးအဝင်ဆုံး Feature တစ်ခုကတော့ Camera နဲ့ ကိုယ်မသိတဲ့ဘာသာစကားနဲ့ ရေးသားထားတဲ့ စာသားတွေကို ဓါတ်ပုံရိုက်ကူးပြီး ဓါတ်ပုံကနေ ဘာသာပြန်နိုင်တာပဲဖြစ်ပါတယ်။ ဒါအပြင့် Instant Translation ဆိုတဲ့ Feature ကို အချို့သော Chinese to English Translation လို ဘာသာစကားအချို့မှာရယူနိုင်ပြီး ဓါတ်ပုံရိုက်ကူးနေစရာလိုပဲ ကင်မရာချိန်လိုက်တာနဲ့ Screen ပေါ်မှာ ချက်ချင်း ဘာသာပြန်ပေးဦးမှာပါ။

တကယ်လို့ ကိုယ်လေ့လာနေရတဲ့ ဘာသာစကားကို အမြဲတမ်း Google Translate ဖွင့် အင်တာနက်ဖွင့်ပြီး မရှာဖွေချင်ဘူးဆိုရင်လည်း Offline အနေနဲ့ အဆိုပါ ဘာသာစကားကို Download ရယူထားပြီး အသုံးပြုနိုင်တာကလည်း နောက်ထပ် အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

တကယ်လို့ ဂျပန်၊ တရုတ်ဘာသာစကားကို စာရေးကျင့်နေတယ်ဆိုရင်လည်း Handwriting ကိုပါထောက်ပံ့ပေးတဲ့အတွက် ကိုယ်ရေးလိုက်တာက ဘာအဓိပ္ပါယ်လဲဆိုတာကို ဘာသာပြန်ပေးမှာဖြစ်တဲ့အတွက် ဘာသာစကားလေ့လာနေတယ်ဆိုရင် မရှိမဖြစ်ကို ဆောင်ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က ဘာသာစကားမလေ့လာနေရင်တောင် Google Translate Application ကို သွင်းထားတာက ကိုယ့်ဖုန်းထဲမှာ Dictionary တစ်အုပ်ရှိနေသလိုပဲဖြစ်တဲ့အတွက် အရမ်းကိုအသုံးဝင်တယ်လို့ အကြံပြုချင်ပါတယ်။