ဖုန်းတွေမှာ Social Media အပါအဝင် တခြားသော Messaging App တွေနဲ့ App တွေအများအပြားအသုံးပြုလာကြတာနဲ့အတူ နေ့စဥ်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုရှိနေပါတယ်။ ဒါကတော့ များစွာသော App တွေကနေ ဝင်ရောက်လာတဲ့ Notification တွေပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က အရေးကြီး Message Notification တစ်ခုခုကို မမြင်မိလိုက်ဘဲ Clear လုပ်မိလိုက်တယ်ဆိုရင် တစ်ခါတလေမှာ ဆုံးရှုံးမှုက ကြီးမားသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် အခု Article မှာ Android ဖုန်းတွေအသုံးပြုနေတယ်ဆိုရင် Notification History ကို ဘယ်လိုပြန်ကြည့်နိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ ဒီလိုမျိုး Notification History ကို ပြန်ကြည့်ဖို့အတွက်ကတော့ Android Version အမြင့်ရှိတဲ့ဖုန်းဖြစ်နေဖို့ လိုအပ်ပြီး ဖုန်းပေါ်မှာမူတည်ပြီး Setting နေရာက အနည်းငယ်ကွာခြားနိုင်ပါတယ်။

ပုံမှန်အားဖြင့် Notification History ကို ပြန်ကြည့်ချင်တယ်ဆိုရင် Settings App ဝင်ရောက်ပြီး App & Notifications ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Notifications ကိုနှိပ်ပြီး Advanced ထဲကို ထပ်မံဝင်ရောက်ဖို့ လိုအပ်မှာပါ။

အဲ့ဒီထဲမှာ Notification History ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး Enabled ပြုလုပ်ထားမယ်ဆိုရင် အစောပိုင်းတုန်းက ဝင်ရောက်ခဲ့သမျှ Notification တွေကို သိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်နေ့ ဘယ်အချိန်တုန်းက Notification တွေဝင်ရောက်နေခဲ့သလဲဆိုတာကို အလွယ်တကူကြည့်ရှုနိုင်မှာပါ။

တကယ်လို့ Google Pixel လိုမျိုး Stock Android ကို အသုံးပြုနေတယ်ဆိုရင်တော့ Settings – Notifications ကနေ Notification History ကို တိုက်ရိုက်ဝင်ရောက်ပြီး Enabled ပြုလုပ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Notification Bar မှာလည်း “History” ဆိုပြီး ယခင်တုန်းက ဝင်ရောက်ခဲ့တဲ့ Notification History တွေကို အလွယ်တကူပြန်ကြည့်နိုင်တဲ့ Button ပါထည့်သွင်းပေးထားပါတယ်။

ဘာပဲဖြစ်ဖြစ် အရေးကြီး Message တွေလိုမျိုး Notification တွေကို မလွတ်သွားရအောင် အခုလိုမျိုး Notification History က ကျိန်းသေ Enabled ပြုလုပ်ထားတာ အကောင်းဆုံးဖြစ်မှာပါ။

Ref – Android Central