HTC က U23 Pro ကို ကြေညာလိုက်ပြီး 6.7” FullHD+ OLED မျက်နှာပြင်ပါလာပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။

HTC U23 Pro announced: Snapdragon 7 Gen 1, 108MP camera, and 120Hz screen

အနောက်ဘက်မှာ 108MP Main (OIS), 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

HTC U23 Pro မှာ Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 256GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး Android 13 မောင်းနှင်ထားပါတယ်။

HTC U23 Pro announced: Snapdragon 7 Gen 1, 108MP camera, and 120Hz screen

VIVERSE App ထည့်သွင်းထားပြီး VIVE XR Elite Mixed Reality Headset နဲ့တွဲဖက် သုံးနိုင်ပါတယ်။ IP67 ရေစိုခံစံနှုန်း ပါလာပြီး 30W Wired , 15W Wireless Charging ထောက်ပံ့တဲ့ 4,600mAh Battery ထည့်ထားပါတယ်။ Reverse Wireless Charging လည်း ထောက်ပံ့ထားပါတယ်။

HTC U23 Pro အတွက် အရောင် ၂ ရောင် ထုတ်လုပ်ထားပြီး 8/256GB နဲ့ 12/256GB ကို ၅၅၀ ဒေါ်လာ၊ ၅၈၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena