Huawei ဟာ 5G နည်းပညာ နယ်ပယ်မှာ ထိပ်တန်းက ဦးဆောင်နေပြီး ကုမ္ပဏီများစွာဟာ Huawei ရဲ့ နည်းပညာကို မှီခိုနေရပါတယ်။ Huawei ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ကုမ္ပဏီဟာ 5G Car Ecosystem ကို ဖန်တီးဖို့ ကား ကုမ္ပဏီ ၁၈ ခုနဲ့ စာချုပ်ချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ကား နယ်ပယ်မှာ 5G နည်းပညာကို စီးပွားဖြစ် ဝန်ဆောင်မှုပေးနိုင်လာမှာဖြစ်ပြီး ပါဝင်ထားတဲ့ ကုမ္ပဏီတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • FAW Group (FAW Hongqi, FAW Pentium, FAW Liberation)
  • Changan Automobile
  • Dongfeng Group (Dongfeng Passenger Car, Dongfeng Xiaokang)
  • SAIC Group (SAIC Passenger Vehicle, SAIC-GM-Wuling)
  • GAC Group (GAC New Energy)
  • BAIC Group (BAIC New Energy)
  • BYD
  • Great Wall Motor
  • Chery Holdings
  • JAC, Yutong (Bus)
  • Celis
  • Nanjing Iveco
  • Jinkang Seris as well as
  • T3 Travel

Huawei က 5G ကားတွေအတွက် မြန်နှုန်းမြင့်မားပြီး Latency နည်းပါးတဲ့ 5G နည်းပညာ ဖန်တီးမယ်လို့ ပြောပြီး AI နဲ့ ပူးပေါင်းလိုက်ရင် အကျိုးများစွာ ဖြစ်စေမှာပါ။ ကားလမ်း ပိတ်ဆို့တာတွေကို လျှော့ချပေးနိုင်သလို မောင်းသူမဲ့ ကားတွေအတွက် အသုံးဝင်လာမှာပါ။

၂၀၁၉ ခုနှစ် ဧပြီလမှာ ကမ္ဘာ့ ပထမဆုံး 5G Vehicle Module MH5000 ထွက်ပေါ်လာပြီး Huawei က 5G Vehicle Terminal T-Box Platform ကို ပံ့ပိုးပေးခဲ့ပါတယ်။ 5G Vehicle တွေ ဖန်တီးဖို့ တခြား ထုတ်ကုန်တွေနဲ့ နည်းပညာတွေကိုလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကား ကုမ္ပဏီတွေကို ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် Huawei နဲ့ အထက်ပါ ကုမ္ပဏီတွေ ရေရှည်လက်တွဲပြီး အလုပ်လုပ်ကြမှာ ဖြစ်တဲ့အတွက် 5G ကား နည်းပညာ ပိုတိုးတက်လာမှာပါ။ 5G ကားတွေကြောင့် Consumers တွေဟာ အကျိုးကျေးဇူးတွေ ပိုများလာကြမှာပါ။

Ref : gizchina