Zawgyi

လက္ရွိအခ်ိန္မွာ Android Tablet ေတြက တျဖည္းျဖည္းနည္းပါးေနၿပီဆိုေပမယ့္ Samsung နဲ႔ Huawei ကေတာ့ ဆက္လက္ၿပီး Android OS သုံး Tablet ေတြကို ဆက္တိုင္ထုတ္လုပ္ေနတာျဖစ္ပါတယ္။ အခုလည္း လက္ရွိ Huawei MediaPad M6 Series Tablet ေတြထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္လာတဲ့ MediaPad M6 Turbo Tablet ကို မိတ္ဆက္လိုက္ပါတယ္။

Huawei ရဲ႕ MediaPad M6 Turbo Tablet က ၿပီးခဲ့တဲ့ ဇြန္လတုန္းက မိတ္ဆက္ခဲ့တဲ့ Huawei MediaPad M6 နဲ႔ Specs ေတြတူညီၿပီးေတာ့ RAM အေနနဲ႔ 4GB ကေန 6GB ကို တိုးထားတာပဲကြာျခားသြားတာပါ။ Processor အေနနဲ႔လည္း ေလာေလာဆယ္အထိ Huawei ရဲ႕ အေကာင္းဆုံး Mobile Processor တစ္ခုျဖစ္တဲ့ Kirin 980 Processor ကို အသုံးျပဳထားတာျဖစ္ပါတယ္။

Display ပိုင္းအေနနဲ႔ကေတာ့ 8.4″ ရွိတဲ့ 2560×1600 Pixels Resolution ရွိတဲ့ QHD+ Display ကို သုံးစြဲေပးထားၿပီး 13MP Back Camera နဲ႔ 8MP Front Camera ေတြပါဝင္မွာပါ။ Storage အေနနဲ႔လည္း 128GB ပါဝင္မွာျဖစ္ၿပီး MicroSD Card လည္းပါဝင္ဦးမွာျဖစ္ပါတယ္။

RAM 2GB ပိုပါဝင္လာတဲ့အျပင္ Huawei MediaPad M6 Turbo က အေစာပိုင္းတုန္းက မိတ္ဆက္ထားတဲ့ MediaPad M6 Tablet နဲ႔ လုံးဝမတူညီတဲ့အပိုင္းရွိပါေသးတယ္။ ဒါကေတာ့ MediaPad M6 Turbo မွာ Phantom Red နဲ႔ Phantom Blue ဆိုၿပီး အရမ္းလွတဲ့ Gradient Pattern ၂ မ်ိဳးနဲ႔ ထြက္ရွိလာတာပဲျဖစ္ပါတယ္။ လက္ရွိ စမတ္ဖုန္းေတြအမ်ားစုက ဒီလိုမ်ိဳး Gradient Design ေတြနဲ႔ မိတ္ဆက္ေနၾကတယ္ဆိုေပမယ့္ Tablet ေတြထဲမွာေတာ့ MediaPad M6 Turbo က ပထမဆုံးျဖစ္လာတယ္လို႔ ေျပာရမွာပါ။

အခု MediaPad M6 Turbo ဟာ ေစ်းႏႈန္းအေနနဲ႔ကေတာ့ Wi-Fi Version ကို 2,699 Yuan (၅၇၀,၀၀၀ က်ပ္ဝန္းက်င္) နဲ႔ 4G Version ကို 2,999 Yuan (၆၄၀,၀၀၀ က်ပ္ဝန္းက်င္) က်သင့္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာပဲ ေရာင္းခ်ေနတာပါ။

Ref – GSM Arena

Unicode

လက်ရှိအချိန်မှာ Android Tablet တွေက တဖြည်းဖြည်းနည်းပါးနေပြီဆိုပေမယ့် Samsung နဲ့ Huawei ကတော့ ဆက်လက်ပြီး Android OS သုံး Tablet တွေကို ဆက်တိုင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း လက်ရှိ Huawei MediaPad M6 Series Tablet တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာတဲ့ MediaPad M6 Turbo Tablet ကို မိတ်ဆက်လိုက်ပါတယ်။

Huawei ရဲ့ MediaPad M6 Turbo Tablet က ပြီးခဲ့တဲ့ ဇွန်လတုန်းက မိတ်ဆက်ခဲ့တဲ့ Huawei MediaPad M6 နဲ့ Specs တွေတူညီပြီးတော့ RAM အနေနဲ့ 4GB ကနေ 6GB ကို တိုးထားတာပဲကွာခြားသွားတာပါ။ Processor အနေနဲ့လည်း လောလောဆယ်အထိ Huawei ရဲ့ အကောင်းဆုံး Mobile Processor တစ်ခုဖြစ်တဲ့ Kirin 980 Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 8.4″ ရှိတဲ့ 2560×1600 Pixels Resolution ရှိတဲ့ QHD+ Display ကို သုံးစွဲပေးထားပြီး 13MP Back Camera နဲ့ 8MP Front Camera တွေပါဝင်မှာပါ။ Storage အနေနဲ့လည်း 128GB ပါဝင်မှာဖြစ်ပြီး MicroSD Card လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

RAM 2GB ပိုပါဝင်လာတဲ့အပြင် Huawei MediaPad M6 Turbo က အစောပိုင်းတုန်းက မိတ်ဆက်ထားတဲ့ MediaPad M6 Tablet နဲ့ လုံးဝမတူညီတဲ့အပိုင်းရှိပါသေးတယ်။ ဒါကတော့ MediaPad M6 Turbo မှာ Phantom Red နဲ့ Phantom Blue ဆိုပြီး အရမ်းလှတဲ့ Gradient Pattern ၂ မျိုးနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ လက်ရှိ စမတ်ဖုန်းတွေအများစုက ဒီလိုမျိုး Gradient Design တွေနဲ့ မိတ်ဆက်နေကြတယ်ဆိုပေမယ့် Tablet တွေထဲမှာတော့ MediaPad M6 Turbo က ပထမဆုံးဖြစ်လာတယ်လို့ ပြောရမှာပါ။

အခု MediaPad M6 Turbo ဟာ စျေးနှုန်းအနေနဲ့ကတော့ Wi-Fi Version ကို 2,699 Yuan (၅၇၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ 4G Version ကို 2,999 Yuan (၆၄၀,၀၀၀ ကျပ်ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချနေတာပါ။

Ref – GSM Arena