Zawgyi

လက္ရွိအခ်ိန္မွာ ထြက္ရွိထားတဲ့ Foldable Phone ၂ မ််ိဳးထဲက Samsung Galaxy Fold စမတ္ဖုန္းဟာ ျပီးခဲ့တဲ့ေမလထဲက စတင္ေရာင္းခ်ဖုိ႔ စီစဥ္ခဲ့တာျဖစ္ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Reviewer ေတြဆီေရာက္ေနတဲ့ Unit ေတြက Display Error ေတြျဖစ္ခဲ့ျပီး ေရာင္းခ်မယ့္အစီအစဥ္ကို ရပ္ဆုိင္းခဲ့ရတာျဖစ္ပါတယ္။

အခုလုိ Samsung Galaxy Fold ကို ဘယ္အခ်ိန္မွာ ျပန္လည္ေရာင္းခ်ႏုိင္မလဲဆုိတာကို အခုအခ်ိန္အထိ Samsung ဘက္က ျပန္လည္ေျပာၾကားႏုိင္ျခင္းမရွိေသးသလုိ လက္ရွိ Pre-order ေကာက္ယူထားတဲ့ Carrier ေတြအကုန္လံုးကလည္း ဒီ Pre-order ေတြကို Cancel ျပဳလုပ္လုိက္ရျပီျဖစ္ပါတယ္။

ဒီလုိမ်ိဳး Samsung ရဲ႕ Foldable Phone က အခက္ေတြ႕ေနတဲ့အခ်ိန္မွာ Huawei ရဲ႕ Foldable Phone ျဖစ္တဲ့ Mate X ကလည္း ယခု ဇြန္လမွာ စတင္ေရာင္းခ်သြားဖုိ႔ စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ရဲ႕ ကိုယ္ပိုင္ေျပာေရးဆုိခြင့္ရွိသူက ဒီ Huawei Mate X ကို ဒီလမွာ ေရာင္းခ်မယ့္အစီအစဥ္ကို ဆိုင္းငံ့ထားလုိက္ျပီျဖစ္ျပီးေတာ့ လာမယ့္ စက္တင္ဘာလမွ ေရာင္းခ်ႏုိင္ေတာ့မယ္လုိ႔ ေျပာၾကားလုိက္ျပီျဖစ္ပါတယ္။

Samsung နဲ႔မတူတဲ့အခ်က္က Huawei အေနနဲ႔ အခုအခ်ိန္အထိ ဒီ Mate X စမတ္ဖုန္းမွာ ထူးထူးျခားျခား ျပႆနာတက္ခဲ့တာမရွိဘဲ အခုလုိမ်ိဳး ေရာင္းခ်မယ့္အခ်ိန္ကို ေရြ႕ဆုိင္းလုိက္တာပဲျဖစ္ပါတယ္။ ဒီအတြက္ကိုလည္း Huawei ဘက္ကေန ဘာအေၾကာင္းျပခ်က္မွ ေျပာၾကားထားျခင္းမရွိတာကလည္း ထူးဆန္းေနပါတယ္။ တခ်ိဳ႕ေသာ သတင္းမီဒီယာေတြကေတာ့ ဒီလုိမ်ိဳး ေရြ႕ဆုိင္းလုိက္တာက Huawei အေနနဲ႔ ဒီ Folding Display ရဲ႕ Quality ကို ပိုျပီး အဆင့္ျမွင့္တင္ခ်င္တာေၾကာင့္ျဖစ္ႏုိင္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Huawei Mate X စမတ္ဖုန္းဟာ Galaxy Fold နဲ႔ မတူညီဘဲ Display က အျပင္ဘက္ကေန ေခါက္ခ်ိဳးထားတာျဖစ္ျပီးေတာ့ ေခါက္ထားတဲ့အခ်ိန္မွာလည္း လံုးဝ သာမန္ဖုန္းတစ္ခုလုိ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ 55W SuperChare Fast Charging ၊ 5G Support ေတြလည္း ပါေနတဲ့အတြက္ Galaxy Fold ထက္ေတာင္ ပိုျပီး ေကာင္းေနတယ္လုိ႔ ေျပာလုိ႔ရတဲ့ဖုန္းတစ္ခုျဖစ္ပါတယ္။

Huawei အေနနဲ႔ ဒီ Huawei Mate X ဖုန္းကို ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၂၆၀၀ ဝန္းက်င္နဲ႔ ေရာင္းခ်သြားႏုိင္ျပီးေတာ့ အခုလုိမ်ိဳး ဆိုင္းငံ့လုိက္တယ္ဆုိေပမယ့္ ေနာက္လပိုင္းေလာက္မွာ Review ေတြကုိ စတင္ျမင္ရႏုိင္ေလာက္ပါျပီ။

Ref – Android Authority

Unicode

လက်ရှိအချိန်မှာ ထွက်ရှိထားတဲ့ Foldable Phone ၂ မျျိုးထဲက Samsung Galaxy Fold စမတ်ဖုန်းဟာ ပြီးခဲ့တဲ့မေလထဲက စတင်ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Reviewer တွေဆီရောက်နေတဲ့ Unit တွေက Display Error တွေဖြစ်ခဲ့ပြီး ရောင်းချမယ့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အခုလို Samsung Galaxy Fold ကို ဘယ်အချိန်မှာ ပြန်လည်ရောင်းချနိုင်မလဲဆိုတာကို အခုအချိန်အထိ Samsung ဘက်က ပြန်လည်ပြောကြားနိုင်ခြင်းမရှိသေးသလို လက်ရှိ Pre-order ကောက်ယူထားတဲ့ Carrier တွေအကုန်လုံးကလည်း ဒီ Pre-order တွေကို Cancel ပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။

ဒီလိုမျိုး Samsung ရဲ့ Foldable Phone က အခက်တွေ့နေတဲ့အချိန်မှာ Huawei ရဲ့ Foldable Phone ဖြစ်တဲ့ Mate X ကလည်း ယခု ဇွန်လမှာ စတင်ရောင်းချသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ ကိုယ်ပိုင်ပြောရေးဆိုခွင့်ရှိသူက ဒီ Huawei Mate X ကို ဒီလမှာ ရောင်းချမယ့်အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ပြီးတော့ လာမယ့် စက်တင်ဘာလမှ ရောင်းချနိုင်တော့မယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။

Samsung နဲ့မတူတဲ့အချက်က Huawei အနေနဲ့ အခုအချိန်အထိ ဒီ Mate X စမတ်ဖုန်းမှာ ထူးထူးခြားခြား ပြဿနာတက်ခဲ့တာမရှိဘဲ အခုလိုမျိုး ရောင်းချမယ့်အချိန်ကို ရွေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း Huawei ဘက်ကနေ ဘာအကြောင်းပြချက်မှ ပြောကြားထားခြင်းမရှိတာကလည်း ထူးဆန်းနေပါတယ်။ တချို့သော သတင်းမီဒီယာတွေကတော့ ဒီလိုမျိုး ရွေ့ဆိုင်းလိုက်တာက Huawei အနေနဲ့ ဒီ Folding Display ရဲ့ Quality ကို ပိုပြီး အဆင့်မြှင့်တင်ချင်တာကြောင့်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Huawei Mate X စမတ်ဖုန်းဟာ Galaxy Fold နဲ့ မတူညီဘဲ Display က အပြင်ဘက်ကနေ ခေါက်ချိုးထားတာဖြစ်ပြီးတော့ ခေါက်ထားတဲ့အချိန်မှာလည်း လုံးဝ သာမန်ဖုန်းတစ်ခုလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 55W SuperChare Fast Charging ၊ 5G Support တွေလည်း ပါနေတဲ့အတွက် Galaxy Fold ထက်တောင် ပိုပြီး ကောင်းနေတယ်လို့ ပြောလို့ရတဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။

Huawei အနေနဲ့ ဒီ Huawei Mate X ဖုန်းကို ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၆၀၀ ဝန်းကျင်နဲ့ ရောင်းချသွားနိုင်ပြီးတော့ အခုလိုမျိုး ဆိုင်းငံ့လိုက်တယ်ဆိုပေမယ့် နောက်လပိုင်းလောက်မှာ Review တွေကို စတင်မြင်ရနိုင်လောက်ပါပြီ။

Ref – Android Authority