Zawgyi

Huawei ဆိုတာက လက္ရွိစမတ္ဖုန္းသုံးေနတဲ့သူေတြ အကုန္လုံးနီးပါးရင္းႏွီးေနတဲ့ Brand တစ္ခုဆိုရင္လည္း မမွားပါဘူး။ ဒီ Huawei စမတ္ဖုန္းေတြနဲ႔အတူ လုံးဝခြဲျခားလို႔မရႏိုင္တဲ့အရာတစ္ခုရွိေနပါေသးတယ္။ ဒါကေတာ့ Huawei ရဲ႕ စမတ္ဖုန္းေတြမွာ သုံးစြဲေနတဲ့  EMUI ပါ။

EMUI က အခုေနာက္ပိုင္းမွာ Huawei ကေန တျဖည္းျဖည္းနဲ႔ Features ပိုင္းအရေရာ၊ Software Optimizations ေတြအရေရာ ေသခ်ာျပဳလုပ္လာတာ ေန႔စဥ္အသုံးျပဳဖို႔အတြက္ ေတာ္ေတာ္ေလးကို အဆင္ေျပေနၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးပဲ Huawei ကေန ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔တုန္းက EMUI 10 Update ကို မိတ္ဆက္ေပးခဲ့ၿပီးေတာ့ အဆိုပါ EMUI 10 Update ကလက္ရွိထြက္ရွိထားတဲ့ EMUI Update ေတြထက္ အမ်ားႀကီးပိုေကာင္းေနၿပီးေတာ့ ဖုန္းတစ္ခုမွာသုံးေနတဲ့ Software တစ္ခုဆိုတာထက္ Multi-device Deployment တစ္ခုျဖစ္ၿပီးေတာ့ အသုံးျပဳသူေတြကို ကုန္က်စရိတ္ေလ်ာ့ခ်ေပးႏိုင္တဲ့အျပင္ ပိုၿပီး Smart ျဖစ္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ေတာ့မွာပါ။

အခု EMUI 10 Beta Version ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ ရက္ေန႔မွာ Huawei P30 Series စမတ္ဖုန္းေတြနဲ႔ တျခားေသာ Model ေတြမွာ Internal Testing ေတြျပဳလုပ္မွာျဖစ္သလို မၾကာခင္လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ မိတ္ဆက္မယ့္ Huawei Mate 30 Series ဖုန္းေတြမွာလည္း EMUI 10 ကို သုံးစြဲလာမယ္ဆိုတာကို အတည္ျပဳသြားခဲ့ပါတယ္။

Huawei ရဲ႕ ေျပာၾကားခ်က္အရေတာ့ EMUI ကို ေန႔စဥ္အသုံးျပဳေနတဲ့သူေပါင္း သန္း ၅၀၀ ေက်ာ္ရွိေနၿပီးေတာ့ ႏိုင္ငံေပါင္း ၂၁၆ ႏိုင္ငံနဲ႔ ဘာသာစကားေပါင္း ၇၇ မ်ိဳးအထိ Support ျပဳလုပ္ေပးႏိုင္ၿပီလို႔ သိရပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ထဲက စတင္ခဲ့တဲ့ EMUI 1.0 က အခုအခ်ိန္မွာ ၇ ႏွစ္တာ ကာလအတြင္းမွာ သိသိသာသာကို တိုးတက္လာခဲ့တယ္လို႔လည္း ေျပာလို႔ရပါတယ္။ လက္ရွိမွာလည္း EMUI 8.0 နဲ႔ EMUI 9.0 ကို Upgrade ျပဳလုပ္ထားတဲ့သူေတြက ၇၉ ရာခိုင္ႏႈန္းနဲ႔ ၈၄ ရာခိုင္ႏႈန္းစီ အသီးသီးရွိေနၿပီျဖစ္သလို EMUI 10 ကို အသုံးျပဳသူေတြကလည္း သန္း ၁၅၀ အထိ ရွိလာမယ္လို႔ေတာင္ ယူဆထားတာျဖစ္ပါတယ္။

Huawei က ဒီ EMUI အတြက္ R&D ပိုင္းကို အခုေနာက္ပိုင္းမွာ သိသိသာသာကိုပိုမိုရင္းႏွီးျမဳပ္ႏွံ႔ထားခဲ့ၿပီးေတာ့ GPU Turbo လိုမ်ိဳး နည္းပညာေတြဆိုရင္ လက္ရွိ ရွိၿပီးသား Graphic Processing Power ကို ၆၀ ရာခိုင္ႏႈန္းအထိတိုးလာေစတာလည္းျဖစ္ပါတယ္။ ဒီလိုပဲ Link Turbo Network Aggregation နည္းပညာကလည္း 4G နဲ႔ Wi-Fi Network ၂ ခုလုံးကို တၿပိဳင္နက္ထဲအသုံးျပဳၿပီးေတာ့ 4G သီးသန႔္အသုံးျပဳတာထက္ ၇၀ ရာခိုင္ႏႈန္းပိုမိုျမန္ဆန္လာေစမွာပါ။ ဒါတင္မဟုတ္ေသးပဲ Huawei P30 Series ဖုန္းေတြမွာ စတင္အသုံးျပဳခဲ့တဲ့ EROFS Super File System ေတြကလည္း Android ရဲ႕ Random Read Speed ကို ၂၀ ရာခိုင္ႏႈန္းတိုးလာေစခဲ့ပါေသးတယ္။

ဒါေတြက EMUI ရဲ႕ နည္းပညာပိုင္း Upgrade ေတြျဖစ္သလိုပဲ Visual ပိုင္းအရလည္း Dark Mode လို Feature ေတြ၊ မ်က္စိက ၾကည့္ရသက္သာေအာင္ Text Color ၊ System Icon ေတြကို EMUI 10 အတြက္ ျပန္လည္ျပင္ဆင္ေပးထားဦးမွာလည္းျဖစ္ပါတယ္။

ေနာက္ထပ္ ဒီ EMUI 10 မွာ ပါဝင္လာတဲ့ အဆင့္ျမင့္နည္းပညာတစ္ခုကိုေတာ့ Multiple Device ေတြအခ်င္းခ်င္း HD Video Call ကို Support ေပးႏိုင္တာပဲျဖစ္ပါတယ္။ ဒီနည္းပညာက စမတ္ဖုန္းေတြအခ်င္းခ်င္း Video Call ေခၚတာမ်ိဳးထက္ အမ်ားႀကီးပိုေကာင္းလာၿပီးေတာ့ Video Call ဝင္လာတယ္ဆိုရင္ Smart Speaker ၊ TV ၊ ကားေပၚမွာတပ္ဆင္ထားတဲ့ Display ဒါမွမဟုတ္ Drone ကေနပါ Video Call ေျပာႏိုင္ေအာင္လုပ္ထားတာပါ။ အခုလိုမ်ိဳး Seamless ျဖစ္တဲ့ Experience ကို ရရွိေအာင္လည္း ဒီ Devices ေတြမွာ Data ကို Based လုပ္ထားတာမဟုတ္ဘဲ Resource Pool တစ္ခုကေန ရယူတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Device ေတြအကုန္လုံးက တစ္ခုထဲအေနနဲ႔ျဖစ္သြားမွာပါ။ Huawei က အခုနည္းပညာအတြက္လည္း Security ပိုင္းမွာ End-to-End Encryption ကို Support ေပးသြားဦးမယ္လို႔လည္းသိရပါတယ္။

Huawei ဟာ ယခုႏွစ္ပထမ ၅ လတာ ကာလအတြင္းမွာလည္း စမတ္ဖုန္းေပါင္း သန္း ၁၀၀ အထိကို ေရာင္းခ်ထားခဲ့ရတာျဖစ္ၿပီးေတာ့ အခုလို EMUI 10 Update ကေန တစ္ဆင့္ Device အခ်င္းခ်င္း Cross-platform Experience တစ္ခုကို ရရွိလာေအာင္ျပဳလုပ္သြားဦးမွာပါ။ Huawei ရဲ႕ ေျပာၾကားခ်က္အရ အခု Experience ရရွိဖို႔အတြက္လည္း Platform ေတြျဖစ္တဲ့ Ark Compiler နဲ႔ Huawei DevEco Studio ေတြကို Open-source လုပ္ေပးထားေတာ့ Developer ေတြအေနနဲ႔လည္း အခု Devices ေတြအကုန္လုံးမွာ အသုံးျပဳႏိုင္တဲ့ Experience တစ္ခုကို Huawei နဲ႔ အတူဖန္တီးႏိုင္ဦးမွာပါ။

အဲ့ဒီေတာ့ အခု EMUI 10 Update ကို ဘယ္စမတ္ဖုန္းေတြအရင္ဆုံး Update လုပ္ႏိုင္မွာလဲ?

အေစာဆုံးအေနနဲ႔ကေတာ့ Huawei P30 Series ဖုန္းေတြက လာမယ့္ စက္တင္ဘာလ ၈ ရက္ေန႔မွာ Beta Version ကို Internal Testing လုပ္သြားမွာျဖစ္ၿပီး Mate 20 Series ဖုန္းေတြလည္း မၾကာခင္မွာ ရရွိလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ မိတ္ဆက္လာမယ့္ Huawei Mate 30 Series ဖုန္းေတြက ပထမဆုံးအေနနဲ႔ EMUI 10 နဲ႔ တစ္ခါတည္းထြက္ရွိလာတဲ့ Devices ေတြျဖစ္လာေတာ့မွာပါ။ ဘာပဲျဖစ္ျဖစ္ Huawei ရဲ႕ အေကာင္းဆုံး Software တစ္ခုျဖစ္လာတဲ့ EMUI 10 ကို ေသခ်ာစမ္းသပ္ၾကည့္ဖို႔က အခ်ိန္နီးကပ္ေနပါၿပီ။

Unicode

Huawei ဆိုတာက လက်ရှိစမတ်ဖုန်းသုံးနေတဲ့သူတွေ အကုန်လုံးနီးပါးရင်းနှီးနေတဲ့ Brand တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီ Huawei စမတ်ဖုန်းတွေနဲ့အတူ လုံးဝခွဲခြားလို့မရနိုင်တဲ့အရာတစ်ခုရှိနေပါသေးတယ်။ ဒါကတော့ Huawei ရဲ့ စမတ်ဖုန်းတွေမှာ သုံးစွဲနေတဲ့  EMUI ပါ။

EMUI က အခုနောက်ပိုင်းမှာ Huawei ကနေ တဖြည်းဖြည်းနဲ့ Features ပိုင်းအရရော၊ Software Optimizations တွေအရရော သေချာပြုလုပ်လာတာ နေ့စဉ်အသုံးပြုဖို့အတွက် တော်တော်လေးကို အဆင်ပြေနေပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ Huawei ကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့တုန်းက EMUI 10 Update ကို မိတ်ဆက်ပေးခဲ့ပြီးတော့ အဆိုပါ EMUI 10 Update ကလက်ရှိထွက်ရှိထားတဲ့ EMUI Update တွေထက် အများကြီးပိုကောင်းနေပြီးတော့ ဖုန်းတစ်ခုမှာသုံးနေတဲ့ Software တစ်ခုဆိုတာထက် Multi-device Deployment တစ်ခုဖြစ်ပြီးတော့ အသုံးပြုသူတွေကို ကုန်ကျစရိတ်လျော့ချပေးနိုင်တဲ့အပြင် ပိုပြီး Smart ဖြစ်အောင် ဆောင်ရွက်ပေးနိုင်တော့မှာပါ။

အခု EMUI 10 Beta Version ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ Huawei P30 Series စမတ်ဖုန်းတွေနဲ့ တခြားသော Model တွေမှာ Internal Testing တွေပြုလုပ်မှာဖြစ်သလို မကြာခင်လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်မယ့် Huawei Mate 30 Series ဖုန်းတွေမှာလည်း EMUI 10 ကို သုံးစွဲလာမယ်ဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ EMUI ကို နေ့စဉ်အသုံးပြုနေတဲ့သူပေါင်း သန်း ၅၀၀ ကျော်ရှိနေပြီးတော့ နိုင်ငံပေါင်း ၂၁၆ နိုင်ငံနဲ့ ဘာသာစကားပေါင်း ၇၇ မျိုးအထိ Support ပြုလုပ်ပေးနိုင်ပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲက စတင်ခဲ့တဲ့ EMUI 1.0 က အခုအချိန်မှာ ၇ နှစ်တာ ကာလအတွင်းမှာ သိသိသာသာကို တိုးတက်လာခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ လက်ရှိမှာလည်း EMUI 8.0 နဲ့ EMUI 9.0 ကို Upgrade ပြုလုပ်ထားတဲ့သူတွေက ၇၉ ရာခိုင်နှုန်းနဲ့ ၈၄ ရာခိုင်နှုန်းစီ အသီးသီးရှိနေပြီဖြစ်သလို EMUI 10 ကို အသုံးပြုသူတွေကလည်း သန်း ၁၅၀ အထိ ရှိလာမယ်လို့တောင် ယူဆထားတာဖြစ်ပါတယ်။

Huawei က ဒီ EMUI အတွက် R&D ပိုင်းကို အခုနောက်ပိုင်းမှာ သိသိသာသာကိုပိုမိုရင်းနှီးမြုပ်နှံ့ထားခဲ့ပြီးတော့ GPU Turbo လိုမျိုး နည်းပညာတွေဆိုရင် လက်ရှိ ရှိပြီးသား Graphic Processing Power ကို ၆၀ ရာခိုင်နှုန်းအထိတိုးလာစေတာလည်းဖြစ်ပါတယ်။ ဒီလိုပဲ Link Turbo Network Aggregation နည်းပညာကလည်း 4G နဲ့ Wi-Fi Network ၂ ခုလုံးကို တပြိုင်နက်ထဲအသုံးပြုပြီးတော့ 4G သီးသန့်အသုံးပြုတာထက် ၇၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာစေမှာပါ။ ဒါတင်မဟုတ်သေးပဲ Huawei P30 Series ဖုန်းတွေမှာ စတင်အသုံးပြုခဲ့တဲ့ EROFS Super File System တွေကလည်း Android ရဲ့ Random Read Speed ကို ၂၀ ရာခိုင်နှုန်းတိုးလာစေခဲ့ပါသေးတယ်။

ဒါတွေက EMUI ရဲ့ နည်းပညာပိုင်း Upgrade တွေဖြစ်သလိုပဲ Visual ပိုင်းအရလည်း Dark Mode လို Feature တွေ၊ မျက်စိက ကြည့်ရသက်သာအောင် Text Color ၊ System Icon တွေကို EMUI 10 အတွက် ပြန်လည်ပြင်ဆင်ပေးထားဦးမှာလည်းဖြစ်ပါတယ်။

နောက်ထပ် ဒီ EMUI 10 မှာ ပါဝင်လာတဲ့ အဆင့်မြင့်နည်းပညာတစ်ခုကိုတော့ Multiple Device တွေအချင်းချင်း HD Video Call ကို Support ပေးနိုင်တာပဲဖြစ်ပါတယ်။ ဒီနည်းပညာက စမတ်ဖုန်းတွေအချင်းချင်း Video Call ခေါ်တာမျိုးထက် အများကြီးပိုကောင်းလာပြီးတော့ Video Call ဝင်လာတယ်ဆိုရင် Smart Speaker ၊ TV ၊ ကားပေါ်မှာတပ်ဆင်ထားတဲ့ Display ဒါမှမဟုတ် Drone ကနေပါ Video Call ပြောနိုင်အောင်လုပ်ထားတာပါ။ အခုလိုမျိုး Seamless ဖြစ်တဲ့ Experience ကို ရရှိအောင်လည်း ဒီ Devices တွေမှာ Data ကို Based လုပ်ထားတာမဟုတ်ဘဲ Resource Pool တစ်ခုကနေ ရယူတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Device တွေအကုန်လုံးက တစ်ခုထဲအနေနဲ့ဖြစ်သွားမှာပါ။ Huawei က အခုနည်းပညာအတွက်လည်း Security ပိုင်းမှာ End-to-End Encryption ကို Support ပေးသွားဦးမယ်လို့လည်းသိရပါတယ်။

Huawei ဟာ ယခုနှစ်ပထမ ၅ လတာ ကာလအတွင်းမှာလည်း စမတ်ဖုန်းပေါင်း သန်း ၁၀၀ အထိကို ရောင်းချထားခဲ့ရတာဖြစ်ပြီးတော့ အခုလို EMUI 10 Update ကနေ တစ်ဆင့် Device အချင်းချင်း Cross-platform Experience တစ်ခုကို ရရှိလာအောင်ပြုလုပ်သွားဦးမှာပါ။ Huawei ရဲ့ ပြောကြားချက်အရ အခု Experience ရရှိဖို့အတွက်လည်း Platform တွေဖြစ်တဲ့ Ark Compiler နဲ့ Huawei DevEco Studio တွေကို Open-source လုပ်ပေးထားတော့ Developer တွေအနေနဲ့လည်း အခု Devices တွေအကုန်လုံးမှာ အသုံးပြုနိုင်တဲ့ Experience တစ်ခုကို Huawei နဲ့ အတူဖန်တီးနိုင်ဦးမှာပါ။

အဲ့ဒီတော့ အခု EMUI 10 Update ကို ဘယ်စမတ်ဖုန်းတွေအရင်ဆုံး Update လုပ်နိုင်မှာလဲ?

အစောဆုံးအနေနဲ့ကတော့ Huawei P30 Series ဖုန်းတွေက လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ Beta Version ကို Internal Testing လုပ်သွားမှာဖြစ်ပြီး Mate 20 Series ဖုန်းတွေလည်း မကြာခင်မှာ ရရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်လာမယ့် Huawei Mate 30 Series ဖုန်းတွေက ပထမဆုံးအနေနဲ့ EMUI 10 နဲ့ တစ်ခါတည်းထွက်ရှိလာတဲ့ Devices တွေဖြစ်လာတော့မှာပါ။ ဘာပဲဖြစ်ဖြစ် Huawei ရဲ့ အကောင်းဆုံး Software တစ်ခုဖြစ်လာတဲ့ EMUI 10 ကို သေချာစမ်းသပ်ကြည့်ဖို့က အချိန်နီးကပ်နေပါပြီ။