[Zawgyi]

EISA (Expert Imaging and Sound Association) Awards ေတြကို ႏွစ္စဥ္ ေပးအပ္ေလ့ရွိပါတယ္။ ဒီႏွစ္အတြက္လည္း ဆုေတြကို ေပးအပ္လိုက္ပါၿပီ။ Huawei ဟာ Best Smartphone Award ကို ၂ ႏွစ္ဆက္တိုက္ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ မႏွစ္က P20 Pro ၊ ဒီႏွစ္မွာ P30 Pro တို႔နဲ႔ ဆုရခဲ့တာပါ။ P30 Series ေတြဟာ က႑ေပါင္းစံုမွာ စြမ္းရည္ျမင့္မားၿပီး အေနာက္ကင္မရာ ၄ လံုး၊ စြမ္းရည္ျမင့္ Chipset နဲ႔ အရြယ္ႀကီး ဘက္ထရီေတြ ထည့္သြင္းထားပါတယ္။

Huawei ရဲ႕ ေနာက္ထပ္ စမတ္ဖုန္း ၁ လံုးျဖစ္တဲ့ Honor 20 Pro ဟာလည္း Best Liftstyle Smartphone အျဖစ္ ေရြးခ်ယ္ခံလိုက္ရပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ အေနာက္ဘက္ဟာ အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ၿပီး 3D Glass နဲ႔ တည္ေဆာက္ထားပါတယ္။ စြမ္းရည္ျမင့္ ကင္မရာ တပ္ဆင္ထားၿပီး စြမ္းရည္သင့္ ဖုန္းေတြထဲမွာ ေစ်းခ်ိဳသာပါတယ္။

Advanced Smartphone Award ကို  OnePlus 7 Pro က ဆြတ္ခူးသြားပါတယ္။ အဲဒီ စမတ္ဖုန္းမွာ Snapdragon 855 Chipset , UFS 3.0 Storage နဲ႔ Pop-up Camera ေတြ ပါပါတယ္။ 12GB RAM အထိ ေရြးခ်ယ္ႏုိင္ၿပီး အရြယ္ႀကီး Curved Display ပါပါတယ္။

တန္ဖိုးနည္း စမတ္ဖုန္းေတြထဲမွာ Redmi Note 7 က Best Buy Smartphone Award ကို ရရွိသြားပါတယ္။ အဲဒီ စမတ္ဖုန္းမွာ Dual-glass Design , Snapdragon 660 Chipset , 48MP Camera နဲ႔ 4,000mAh Battery ေတြ ထည့္သြင္းထားပါတယ္။ ဆုေတြကို ႏိုင္ငံေပါင္း ၂၉ ခုက နည္းပညာ မဂၢဇင္းေတြမွ ကြ်မ္းက်င္သူ ၆၁ ေယာက္က ေရြးခ်ယ္ေပးထားတာပါ။ IFA Berlin မွာ ဆုေတြကို ခ်ီးျမွင့္မွာပါ။

Ref : gsmarena

[Unicode]

Huawei, Honor, Xiaomi နဲ့ OnePlus တို့ 2019 EISA Awards တွေ ဆွတ်ခူး

EISA (Expert Imaging and Sound Association) Awards တွေကို နှစ်စဉ် ပေးအပ်လေ့ရှိပါတယ်။ ဒီနှစ်အတွက်လည်း ဆုတွေကို ပေးအပ်လိုက်ပါပြီ။ Huawei ဟာ Best Smartphone Award ကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မနှစ်က P20 Pro နဲ့ ဒီနှစ်မှာ P30 Pro တို့နဲ့ ဆုရခဲ့တာပါ။ P30 Series တွေဟာ ကဏ္ဍပေါင်းစုံမှာ စွမ်းရည်မြင့်မားပြီး အနောက်ကင်မရာ ၄ လုံး၊ စွမ်းရည်မြင့် Chipset နဲ့ အရွယ်ကြီး ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Huawei ရဲ့ နောက်ထပ် စမတ်ဖုန်း ၁ လုံးဖြစ်တဲ့ Honor 20 Pro ဟာလည်း Best Liftstyle Smartphone အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး 3D Glass နဲ့ တည်ဆောက်ထားပါတယ်။ စွမ်းရည်မြင့် ကင်မရာ တပ်ဆင်ထားပြီး စွမ်းရည်သင့် ဖုန်းတွေထဲမှာ ဈေးချိုသာပါတယ်။

Advanced Smartphone Award ကို OnePlus 7 Pro က ဆွတ်ခူးသွားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 855 Chipset , UFS 3.0 Storage နဲ့ Pop-up Camera တွေ ပါပါတယ်။ 12GB RAM အထိ ရွေးချယ်နိုင်ပြီး အရွယ်ကြီး Curved Display ပါပါတယ်။

တန်ဖိုးနည်း စမတ်ဖုန်းတွေထဲမှာ Redmi Note 7 က Best Buy Smartphone Award ကို ရရှိသွားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Dual-glass Design , Snapdragon 660 Chipset , 48MP Camera နဲ့ 4,000mAh Battery တွေ ထည့်သွင်းထားပါတယ်။ ဆုတွေကို နိုင်ငံပေါင်း ၂၉ ခုက နည်းပညာ မဂ္ဂဇင်းတွေမှ ကျွမ်းကျင်သူ ၆၁ ယောက်က ရွေးချယ်ပေးထားတာပါ။ IFA Berlin မှာ ဆုတွေကို ချီးမြှင့်မှာပါ။

Ref : gsmarena