Zawgyi









Ref – Pricebaba

Unicode

Huawei ကနေ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့ကြရင် Huawei Mate 30 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး မမိတ်ဆက်ခင်မှာ လုံးဝ Final Design ဖြစ်လာနိုင်တဲ့ Render ပုံတွေကို OnLeaks နဲ့ Pricebaba တို့ကနေ ထုတ်ပြလိုက်ပါပြီ။

OnLeaks ရဲ့ ပြောကြားချက်အရတော့ အခု Renders ပုံတွေက လုံးဝ 100% တိကျနေတာမျိုးမဟုတ်ဘဲ Render လုပ်ရခက်တဲ့ CAD တွေကနေလုပ်ထားတဲ့အတွက် အနည်းငယ်ကွာခြားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု Render Design ဟာ လက်ရှိထွက်ရှိထားသမျှ Render တွေထဲမှာ အတိကျဆုံးဖြစ်နေမှာပါ။

အခု Huawei Mate 30 Pro စမတ်ဖုန်းဟာ Premium Glass နဲ့ Metel ကိုပဲ အဓိကအသုံးပြုထားတာဖြစ်ပြီးတော့ နောက်ဖက်မှာလည်း Circular Quad Camera Design ကို အသုံးပြုထားပါတယ်။ ပြီးတော့ Dual LED Flash နဲ့ LEICA Branding ကိုလည်း တွေ့ရမှာပါ။ အရွယ်အစားအနေနဲ့ကတော့ 158.1 x 73.6 x 8.7mm ရှိမယ်လို့ သိရပါတယ်။

Display အနေနဲ့ Waterfall Design Curved Display ကို အသုံးပြုထားပြီးတော့ Screen Size အနေနဲ့ 6.6″ အရွယ်အစားရှိနေမှာဖြစ်ပါတယ်။ Notch ကလည်း ပါဝင်ဦးမှာဖြစ်တဲ့အတွက် Mate 20 Pro လိုမျိုးပဲ 3D Face Unlock လည်းပါဝင်ဦးမှာပါ။ Display ရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်မှာတော့ Bezel အနည်းငယ်ရှိနေပေမယ့် တော်တော်လေးကို လှတယ်လို့ ပြောရမှာပါ။

နောက်ပြီးထူးဆန်းတာတစ်ခုက Mate 30 Pro ရဲ့ Power Button က ဖုန်းရဲ့ ညာဘက်မှာရှိနေသေးတယ်ဆိုပေမယ့် Volume Keys အတွက်က ဘာ Buttons မှ ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Mate 30 Pro မှာ Volume Keys အတွက် Power Button အပေါ်ဘက်မှာ Touch Sensitive Area ပါဝင်လာမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 40MP Primary Sensor ၊ 40MP Ultrawide Sensor ၊ 8MP Telephoto Sensor အပြင် ToF Sensor တွေပါဝင်လာမှာဖြစ်ပြီးတော့ Primary Sensor က Aperture f1.4 ကနေ f1.6 ကို ရွေးချယ်နိုင်တဲ့ Variable Aperture Setup ဖြစ်လာမှာဖြစ်သလို RYYB Sensor အမျိုးအစားလည်းဖြစ်တယ်လို့ သိရပါတယ်။ 120-Degree Ultrawide Sensor ကလည်း 40MP ဆိုတော့ Ultrawide ဓါတ်ပုံတွေက မတရားကောင်းလာဦးမှာပါ။ Telephoto Lens အနေနဲ့ကတော့ 5x Optical Zoom ပါဝင်မှာဖြစ်ပါတယ်။

Huawei Mate 30 Pro ဟာ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Kirin 990 Processor ကို သုံးလာမှာဖြစ်သလို Battery အနေနဲ့လည်း 4500mAh Battery ကိုမှ 55W Wired Charging နဲ့ 25W Wireless Charging တွေကို Support လုပ်ဦးမှာဖြစ်ပါတယ်။

အခု Huawei Mate 30 Pro စမတ်ဖုန်းဟာ Hardware ပိုင်းနဲ့ Specification ပိုင်းအရ အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာနိုင်ပေမယ့် Google ကနေ Mate 30 Series ဖုန်းတွေမှာ Google Apps နဲ့ Service တွေကို အသုံးပြုလို့မရဘူးလို့ အတည်ပြုလိုက်တဲ့အတွက် အောင်မြင်နိုင်ပ့ါမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Pricebaba