[Zawgyi]

Huawei Mate 30 Pro ရဲ႕ ေက်ာဘက္ကင္မရာဒီဇိုင္းနဲ႔ပတ္သက္ၿပီး အေတာ္ေလး စိတ္လႈပ္ရွားစရာျဖစ္ခဲ့ပါတယ္။ ဒီ Flagship မွာ 40MP ဆင္ဆာေတြ ပါလာမယ္ဆိုတာ အမ်ားသိၿပီးသား သတင္းတစ္ခုျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ 40MP ဆင္ဆာေတြဟာ အလြန္ကို ႀကီးမားတယ္လို႔ သိရပါတယ္။

ေက်ာဘက္က အဓိကကင္မရာရဲ႕ ဆင္ဆာဟာ 40MP resolution ရွိမွာျဖစ္ၿပီး P30 Pro လို (Quad RYYB filter) နဲ႔ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဆင္ဆာအ႐ြယ္အစားကေတာ့ 1/1.55-inch အမ်ိဳးအစား ဆင္ဆာျဖစ္တယ္လို႔ သိရပါတယ္။ ဒုတိယ 40MP ဆင္ဆာကေတာ့ Ultra Wide-angle lens ရဲ႕ေနာက္မွာ တည္ရွိမယ္လို႔ ဆိုပါတယ္။

ဒုတိယ 40MP ဆင္ဆာဟာ 1/1.7-inch အ႐ြယ္အစားျဖစ္ၿပီး P30 Pro ရဲ႕ အဓိကဆင္ဆာ အ႐ြယ္အစားနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Huawei ရဲ႕ ဆင္ဆာေတြဟာ ၿပိဳင္ဘက္ ကုမၸဏီ Samsung က Galaxy S10 နဲ႔ Note10 တို႔မွာ အသုံးျပဳေနတဲ့ ဆင္ဆာေတြထက္ ပိုၿပီးႀကီးမားတယ္ဆိုတာကို နာမည္ေက်ာ္ Leakster @IceUniverse ရဲ႕ ႏႈိင္းယွဥ္ျပသမႈမွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရပါတယ္။

Huawei ဟာ Mate 30 Pro ရဲ႕ ေက်ာဘက္မွာ အဓိကကင္မရာနဲ႔ Ultra Wide-angle lens တို႔အတြက္ ႀကီးမားတဲ့ ဆင္ဆာႏွစ္ခုကို အသုံးျပဳလာတယ္ဆိုေပမယ့္ Telephoto ကင္မရာကေတာ့ 8MP မွာပဲ ရွိေနဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Huawei က Cine Lens နဲ႔ Matrix Camera ဆိုတဲ့နာမည္ႏွစ္ခုကို မူပိုင္ခြင့္တင္ခဲ့တာဟာ Mate 30 မိသားစုအတြက္လို႔ ယူဆရပါတယ္။

Ref: GSM Arena

[Unicode]

Huawei Mate 30 Pro ရဲ့ ကျောဘက်မှာ ကြီးမားတဲ့ 40MP ဆင်ဆာ နှစ်ခုပါဝင်မယ်လို့ သတင်းထွက်ပေါ်လာ

Huawei Mate 30 Pro ရဲ့ ကျောဘက်ကင်မရာဒီဇိုင်းနဲ့ပတ်သက်ပြီး အတော်လေး စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ္။ ဒီ Flagship မှာ 40MP ဆင်ဆာတွေ ပါလာမယ်ဆိုတာ အများသိပြီးသား သတင်းတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီ 40MP ဆင်ဆာတွေဟာ အလွန်ကို ကြီးမားတယ်လို့ သိရပါတယ်။

ကျောဘက်က အဓိကကင်မရာရဲ့ ဆင်ဆာဟာ 40MP resolution ရှိမှာဖြစ်ပြီး P30 Pro လို (Quad RYYB filter) နဲ့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဆင်ဆာအရွယ်အစားကတော့ 1/1.55-inch အမျိုးအစား ဆင်ဆာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယ 40MP ဆင်ဆာကတော့ Ultra Wide-angle lens ရဲ့နောက်မှာ တည်ရှိမယ်လို့ ဆိုပါတယ်။

ဒုတိယ 40MP ဆင်ဆာဟာ 1/1.7-inch အရွယ်အစားဖြစ်ပြီး P30 Pro ရဲ့ အဓိကဆင်ဆာ အရွယ်အစားနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ရဲ့ ဆင်ဆာတွေဟာ ပြိုင်ဘက် ကုမ္ပဏီ Samsung က Galaxy S10 နဲ့ Note10 တို့မှာ အသုံးပြုနေတဲ့ ဆင်ဆာတွေထက် ပိုပြီးကြီးမားတယ်ဆိုတာကို နာမည်ကျော် Leakster @IceUniverse ရဲ့ နှိုင်းယှဉ်ပြသမှုမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

Huawei ဟာ Mate 30 Pro ရဲ့ ကျောဘက်မှာ အဓိကကင်မရာနဲ့ Ultra Wide-angle lens တို့အတွက် ကြီးမားတဲ့ ဆင်ဆာနှစ်ခုကို အသုံးပြုလာတယ်ဆိုပေမယ့် Telephoto ကင်မရာကတော့ 8MP မှာပဲ ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ Huawei က Cine Lens နဲ့ Matrix Camera ဆိုတဲ့နာမည်နှစ်ခုကို မူပိုင်ခွင့်တင်ခဲ့တာဟာ Mate 30 မိသားစုအတွက်လို့ ယူဆရပါတယ်။

Ref: GSM Arena