စမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ Website တွေထဲမှာ DxOMark ဟာ နာမည်အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ DxOMark ရဲ့ Camera အကောင်းဆုံးဖုန်းတွေထဲမှာ HUAWEI Mate 50 Pro ဟာ အမှတ် ၁၄၉ မှတ်နဲ့ နံပါတ် (၁) နေရာကို ရယူထားပါတယ်။

အစောပိုင်းတုန်းက DxOMark ဟာ HUAWEI Mate 50 Pro ဖုန်းရဲ့ နောက်ကျောဘက် Back Camera Setup ကိုပဲ အဓိက အကဲဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ DxoMark ကနေ HUAWEI Mate 50 Pro ရဲ့ Selfie Camera ကိုပါ အကဲဖြတ်အမှတ်ပေးလိုက်ပါပြီ။

DxOMark ရဲ့ အဆင့်သတ်မှတ်ချက်အရ HUAWEI Mate 50 Pro ဖုန်းဟာ ရမှတ်အနေနဲ့ ၁၄၅ မှတ်ရရှိထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် Back Camera တင်မဟုတ်ဘဲ Front Selfie Camera ပိုင်းမှာပါ HUAWEI Mate 50 Pro ဖုန်းဟာ DxOMark ရဲ့ အကောင်းဆုံးဖုန်းအဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

HUAWEI Mate 50 Pro ဖုန်းဟာ 13MP f2.4 Sensor ကို ထည့်သွင်းပေးထားပြီးတော့ သီးသန့် Depth Camera တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။ DxOMark ကတော့ HUAWEI Mate 50 Pro ရဲ့ Selfie Camera ဟာ Exposure မှန်ကန်မှုအပိုင်းနဲ့ Dynamic Range ကောင်းမွန်မှု၊ Skin Tone အရောင်ပြသမှုမှန်ကန်တာတွေကြောင့် အခုလိုမျိုး အမှတ်အများဆုံးရရှိသွားတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် HUAWEI Mate 50 Pro ဟာ Selfie Camera ပိုင်းမှာ ၁၄၅ မှတ်နဲ့ အမှတ်အများဆုံးဖြစ်နေပေမယ့် တစ်ဖက်မှာတော့ Apple iPhone 14 Pro ဖုန်းကလည်း တူညီတဲ့ ၁၄၅ မှတ်နဲ့ Selfie Camera အကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။

Ref – Gizmo China