Huawei က တရုတ်မှာ Mate 60 5G နဲ့ Mate 60 Pro 5G ကို မကြာခင်က ကြေညာပြီးနောက်မှာ ပိုမို စွမ်းရည်မြင့်မားတဲ့ Mate 60 Pro+ ကို မိတ်ဆက်လိုက်ပါတယ်။

Huawei Mate 60 Pro+

Huawei Mate 60 Pro+ မှာ 6.82” OLED LTPO မျက်နှာပြင် တပ်ဆင်ထားပြီး 1.5K Resolution ရှိပါတယ်။ 1Hz-120Hz Refresh Rate ထောက်ပံ့ထားပြီး ဒုတိယမျိုးဆက် Kunlun Glass နဲ့ ကာကွယ်ထားပါတယ်။ 13MP အရှေ့ ကင်မရာနဲ့ 3D Face Recognition အတွက် 3D Depth ကင်မရာ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 48MP Main (OIS) , 40MP Ultrawide Angle ,48MP Ultra-macro Telephoto (OIS) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ နောက်ဆုံးထုတ် Harmony OS 4.0 ပါလာပြီး Kirin 9000s Chip မောင်းနှင်ထားပါတယ်။ 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိိုင်ပြီး ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပို့နိုင်၊ ဖုန်းပြောနိုင်ပါတယ်။

Huawei Mate 60 Pro+

Mate 60 Pro+ မှာ 88W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး 20W Wireless Reverse Charging ကိုလည်းထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ထည့်သွင်းထားပြီး IP68 ရေစိုခံ စံနှုန်း ပါလာပါတယ်။

Huawei Mate 60 Pro+ အတွက် 16GB RAM+1TB Storage နဲ့ 16GB RAM +512GB Storage ထုတ်လုပ်ထားပြီး ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပါဘူး။ Inkstone Black နဲ့ Xuan Bai အရောင်တွေ ထုတ်လုပ်ထားပြီး အောက်တိုဘာလ ၉ ရက်နေ့ တရုတ်မှာ ရောင်းချမှာပါ။

Ref : gizmochina