[Zawgyi]

Huawei က ေဖေဖာ္၀ါရီလမွာ သူ႔ရဲ႕ ပထမဆံုး ေခါက္ခ်ိဳးု ဖုန္းကို ေၾကညာခဲ့ပါတယ္။ ဒီလကုန္မွာ ေရာင္းခ်ေပးမယ္လို႔ ရည္ရြယ္ထားခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈမ်ားေၾကာင့္ အစီအစဥ္ကို ေရႊြ႕ဆိုင္းလိုက္ရပါတယ္။ အခုေတာ့ CNBC နဲ႔ The Wall Street Journal တို႔ရဲ႕ သတင္းအရ ဟြာေ၀းဟာ စက္တင္ဘာလမွာ Mate X ကို ေရာင္းခ်ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ဟြာေ၀းရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက 5G ကြန္ရက္မ်ား တည္ေဆာက္ထားတဲ့ ႏုိင္ငံမ်ားမွာ Mate X  ကို ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ Samsung Galaxy Fold ကေတာ့ စကရင္ ျပႆနာမ်ားေၾကာင့္ ေရာင္းခ်မႈကို ေရႊ႕ဆုိင္းထားပါတယ္။ Huawei ကေတာ့ Mate X ကို အေျမာက္အမ်ားထုတ္လုပ္ဖို႔ ေအာင္ျမင္စြာ စမ္းသပ္ၿပီးၿပီလို႔ ေျပာပါတယ္။ Huawei က Mate X ဟာ ေကာင္းမြန္စြာ အလုပ္လုပ္ဖို႔ Mobile Carrier , App Developer မ်ားနဲ႔ ပူးေပါင္းထားပါတယ္။

ဟြာေ၀းရဲ႕ ေျပာေရးဆိုခြင့္ရွိသူက အေမရိကန္ အစိုးရရဲ႕ ပိတ္ပင္မႈဟာ Mate X ကို အက်ိဳးသက္ေရာက္မႈ မရွိဘူးလို႔ ေျပာပါတယ္။ Mate X မွာ Android OS နဲ႔ Google Apps မ်ားကို ထည့္သြင္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ မေန႔ကပဲ China 3C Agency မွာ Mate X ကို မွတ္ပံုတင္ထားပါတယ္။ အဲဒီအတြက္ တရုတ္မွာ Mate X ကို အေစာဆံုး ေရာင္းခ်ႏုိင္ပါတယ္။ Mate X ကို ေဒၚလာ ၂၆၀၀ သတ္မွတ္ထားပါတယ္။

Ref : gsmarena

[Unicode]

Huawei Mate X ကို စက်တင်ဘာလမှာ ရောင်းမည်

Huawei က ဖေဖော်ဝါရီလမှာ သူ့ရဲ့ ပထမဆုံး ခေါက်ချိုးု ဖုန်းကို ကြေညာခဲ့ပါတယ်။ ဒီလကုန်မှာ ရောင်းချပေးမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုများကြောင့် အစီအစဉ်ကို ရွှွေ့ဆိုင်းလိုက်ရပါတယ်။ အခုတော့ CNBC နဲ့ The Wall Street Journal တို့ရဲ့ သတင်းအရ ဟွာဝေးဟာ စက်တင်ဘာလမှာ Mate X ကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဟွာဝေးရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက 5G ကွန်ရက်များ တည်ဆောက်ထားတဲ့ နိုင်ငံများမှာ Mate X ကို ရောင်းချမယ်လို့ ပြောပါတယ်။ Samsung Galaxy Fold ကတော့ စကရင် ပြဿနာများကြောင့် ရောင်းချမှုကို ရွှေ့ဆိုင်းထားပါတယ်။ Huawei ကတော့ Mate X ကို အမြောက်အများထုတ်လုပ်ဖို့ အောင်မြင်စွာ စမ်းသပ်ပြီးပြီလို့ ပြောပါတယ်။ Huawei က Mate X ဟာ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ Mobile Carrier , App Developer များနဲ့ ပူးပေါင်းထားပါတယ်။

ဟွာဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန် အစိုးရရဲ့ ပိတ်ပင်မှုဟာ Mate X ကို အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။ Mate X မှာ Android OS နဲ့ Google Apps များကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မနေ့ကပဲ China 3C Agency မှာ Mate X ကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် တရုတ်မှာ Mate X ကို အစောဆုံး ရောင်းချနိုင်ပါတယ်။ Mate X ကို ဒေါ်လာ ၂၆၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena