Huwaei ကနေ နောက်ထပ်စွမ်းဆောင်ရည်ကောင်းပြီး ဈေးနှုန်းသက်သာတဲ့ Nova 2S ဖုန်းတစ်လုံးကို လာမယ့်ဒီဇင်ဘာ ၇ ရက်နေ့မှာ ကြေငြာသွားဖို့ရှိနေပါတယ်။ Huawei ကုမ္ပဏီက တလောတုန်းက Nova 2i ဖုန်းကိုထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သလို အခုထွက်ရှိမယ့် Nova 2S ဖုန်းကလည်း Nova 2i ထက်ပိုပြီးကောင်းမွန်မယ်လို့ ယူဆရပါတယ်။

Huawei Nova 2S ရဲ့ Teaser ပုံမှာတော့ ကင်မရာလေးခုပုံစံမျိုးကို တွေ့ရတဲ့အတွက် ယခင် Nova 2i ဖုန်းလိုပဲ ကင်မရာ ၄ လုံးပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု Nova 2S ဖုန်းမှာ 20MP + 16MP Back Camera နဲ့ Dual 20MP Front Selfie Camera တွေပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် Nova 2i ထက် ကင်မရာပိုင်း ပိုပြီးသာလွန်မယ်လို့ ယူဆရပါတယ်။

အခြားသော Specifications တွေအနေနဲ့တော့ Huawei ရဲ့ ကိုယ်ပိုင် Kirin 960 CPU, RAM 6GB နဲ့ ၆ လက်မအရွယ် 18:9 Full HD+ Display ပါဝင်လာမယ်လို့ သိရပါတယ်။

အခုလိုမျိုး အသစ်ထွက်ရှိလာမယ့် Nova 2S စမတ်ဖုန်းဟာဆိုရင် Nova 2i ထက်တော့ ဈေးနှုန်းပိုများမှာဖြစ်ပေမယ့် ဈေးနှုန်းအတိအကျနဲ့ အခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှပဲ သိရှိရတော့မှာပါ။