Huawei က အလန်းစား Mate 40 Series ကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ ဝီဘိုက ထွက်လာတဲ့ သတင်းအရ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အောက်တိုဘာလမှာ စွမ်းဆောင်ရည်မြင့် Mate 40 Series တွေကို ကြေညာမယ်လို့ သိရပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ 5 nm Process Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေ ရှိနေပေမယ့် Huawei ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေဟာ အလုံးရေ သန်းနဲ့ချီ ရောင်းချရလေ့ ရှိပြီး Leakster ၁ ယောက်က Huawei ဟာ ၂၀၂၀ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအကြားမှာ Mate 40 Series အလုံးရေ ၈ သန်း ရောင်းချရနိုင်တယ်လို့ ပြောပါတယ်။

Huawei Mate 40 Series တွေရဲ့ Specs တွေ များများစားစား ပေါက်ကြားထွက်ပေါ်နေတာ မရှိသေးပါဘူး။ အဲဒီ စမတ်ဖုန်းတွေမှာ Huawei ကိုယ်တိုင်ထုတ်တဲ့ Kirin 1020 ဒါမှမဟုတ် Kirin 1000 Chipset တွေ အသုံးပြုထားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို ထိုင်ဝမ်က TSMC စက်ရုံကနေ ထုတ်လုပ်ပေးမယ်လို့ ထင်ရပြီး TSMC က HiSilicon အကူအညီ မလိုဘဲ ကိုယ်တိုင် ထုတ်လုပ်နိုင်တယ်လို့ ပြောထားပါတယ်။

Ref : gsmarena