[Zawgyi]

Huawei P30 Pro စမတ္ဖုန္းသစ္ဟာ ကင္မရာပုိင္းမွာ ေစ်းကြက္ထဲက ၿပိဳင္ဘက္ေတြထက္ ပုိၿပီး စြယ္စုံေကာင္းမြန္ေအာင္ ျပင္ဆင္ထားတဲ့ပုံစံနဲ႔ ထြက္ရွိလာခဲ့ပါတယ္။ သူ႕ရဲ႕ 8MP Periscope Zoom ကင္မရာက 5x Optical Zoom ခ်ဲ႕ႏုိင္ၿပီး အျခားကင္မရာႏွစ္လုံးကိုလည္း Huawei နဲ႔ Leica တုိ႔က သီးသန္႔ Feature မ်ားျဖင့္ မြမ္းမံထားတာကို ေတြ႕ရတယ္။

အဓိက ကင္မရာကေတာ့ Sony ရဲ႕ 40MP f/1.6 ကင္မရာျဖစ္ၿပီး ေနာက္ထပ္ Sensor ႏွစ္ခုက 20MP Ultra-Wide Angle ကင္မရာနဲ႔ ToF Sensor တုိ႔ပါ။ ဒီ Sensor ေတြကိုေတာ့ ရုိက္ကြင္းရဲ႕ Depth ကို အလႊာမ်ားစြာျဖင့္ အာရုံခံရာမွာ အသုံးျပဳႏုိင္ၿပီး ပုိမုိအစစ္အမွန္ဆန္တဲ့ Bokeh ဓါတ္ပုံေတြ ဖန္တီးေပးႏုိင္မွာပါ။ Hybrid Zoom Feature လည္း ပါဝင္လာၿပီး 10x ထိ ျမွင့္တင္ႏုိင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Digital Zoom ကလည္း 50x အထိ ရရွိဦးမွာပါ။

ေရွ႕ဘက္မ်က္ႏွာျပင္ဟာ သိသာစြာေျပာင္းလဲေနၿပီး 6.47” လက္မအရြယ္ AMOLED Screen ေပၚမွာ In-Display Fingerprint ပါဝင္တယ္။ Resolution က 1080p + ျဖစ္ပါတယ္။ Notch ကိုေတာ့ Teardrop ပုံစံ ထည့္သြင္းထားၿပီး 32MP ဆယ္ဖီကင္မရာ ပါဝင္ေပမယ့္ 3D Face Sensor ကိုေတာ့ ျဖဳတ္ခ်ထားတယ္။

Huawei P30 Pro ဖုန္းကို Kirin 980 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး အေအးေပးစနစ္လည္း ပါဝင္တယ္။ မန္မုိရီပုိင္းမွာ 6GB RAM / 128 GB Storage သုိ႔မဟုတ္ 8GB RAM မန္မုိရီကို 128 / 256 / 512 GB Storage ဆုိၿပီး သုံးမ်ဳိးေရြးခ်ယ္ႏုိင္မွာပါ။ 4,200 mAh ဘကၳရီႀကီးအတြက္ 40W Super Charge အားသြင္းစနစ္ ပါတာေၾကာင့္ Huawei ရဲ႕လက္ရွိအေကာင္းဆုံး အားသြင္းနည္းပညာထည့္သြင္းထားတာ ျဖစ္တယ္။

P30 Pro ဖုန္းကို Glass panel ႏွစ္ခုၾကားမွာ သတၳဳဖရိန္နဲ႔ တည္ေဆာက္ထားတယ္။ ေရစုိခံၿပီး လွပတဲ့ အေရာင္ေျပးကာလာေတြနဲ႔လည္း လုိက္ဖက္ပါတယ္။ ဒီဖုန္းကို ႀကိဳတင္အမွာစာလက္ခံေနၿပီျဖစ္ၿပီး 8/128 GB ေမာ္ဒယ္အတြက္ ယူရုိ ၁၀၀၀ (ျမန္မာေငြ ၁၇ သိန္းခန္႔) က်သင့္ကာ 256GB ေမာ္ဒယ္က ယူရုိ ၁၁၀၀ (ျမန္မာေငြ ၁၉ သိန္းနီးပါး) နဲ႔ အျမင့္ဆုံး 512 GB ေမာ္ဒယ္ကေတာ့ ယူရုိ ၁၂၅၀ (ျမန္မာေငြ ႏွစ္ဆယ့္တစ္သိန္းေက်ာ္) သတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ Huawei P30 Pro ရဲ႕ Base ေမာ္ဒယ္ကို ေငြက်ပ္ ၁၄၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref – GSM Arena

[Unicode]

Huawei P30 Pro စမတ်ဖုန်းသစ်ဟာ ကင်မရာပိုင်းမှာ ဈေးကွက်ထဲက ပြိုင်ဘက်တွေထက် ပိုပြီး စွယ်စုံကောင်းမွန်အောင် ပြင်ဆင်ထားတဲ့ပုံစံနဲ့ ထွက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ 8MP Periscope Zoom ကင်မရာက 5x Zoom ချဲ့နိုင်ပြီး အခြားကင်မရာနှစ်လုံးကိုလည်း Huawei နဲ့ Leica တို့က သီးသန့် Feature များဖြင့် မွမ်းမံထားတာကို တွေ့ရတယ်။

အဓိက ကင်မရာကတော့ Sony ရဲ့ 40MP f/1.6 ကင်မရာဖြစ်ပြီး နောက်ထပ် Sensor နှစ်ခုက 20MP Ultra-wide Angle ကင်မရာနဲ့ ToF Sensor တို့ပါ။ ဒီ Sensor တွေကိုတော့ ရိုက်ကွင်းရဲ့ Depth ကို အလွှာများစွာဖြင့် အာရုံခံရာမှာ အသုံးပြုနိုင်ပြီး ပိုမိုအစစ်အမှန်ဆန်တဲ့ Bokeh ဓါတ်ပုံတွေ ဖန်တီးပေးနိုင်မှာပါ။ Hybrid Zoom Feature လည်း ပါဝင်လာပြီး 10x ထိ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Digital Zoom ကလည်း 50x အထိ ရရှိဦးမှာပါ။

ရှေ့ဘက်မျက်နှာပြင်ဟာ သိသာစွာပြောင်းလဲနေပြီး 6.47” လက်မအရွယ် AMOLED Screen ပေါ်မှာ In-display Fingerprint ပါဝင်တယ်။ Resolution က 1080p + ဖြစ်ပါတယ်။ Notch ကိုတော့ Teardrop ပုံစံ ထည့်သွင်းထားပြီး 32MP ဆယ်ဖီကင်မရာ ပါဝင်ပေမယ့် 3D Face Sensor ကိုတော့ ဖြုတ်ချထားတယ်။

Huawei P30 Pro ဖုန်းကို Kirin 980 ချစ်ပ်ဆက် အသုံးပြုထားပြီး အအေးပေးစနစ်လည်း ပါဝင်တယ်။ မန်မိုရီပိုင်းမှာ 6GB RAM / 128 GB Storage သို့မဟုတ် 8GB RAM မန်မိုရီကို 128 / 256 / 512 GB Storage ဆိုပြီး သုံးမျိုးရွေးချယ်နိုင်မှာပါ။ 4,200 mAh ဘက္ထရီကြီးအတွက် 40W Super Charge အားသွင်းစနစ် ပါတာကြောင့် Huawei ရဲ့လက်ရှိအကောင်းဆုံး အားသွင်းနည်းပညာထည့်သွင်းထားတာ ဖြစ်တယ်။

P30 Pro ဖုန်းကို Glass panel နှစ်ခုကြားမှာ သတ္ထုဖရိန်နဲ့ တည်ဆောက်ထားတယ်။ ရေစိုခံပြီး လှပတဲ့ အရောင်ပြေးကာလာတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ဒီဖုန်းကို ကြိုတင်အမှာစာလက်ခံနေပြီဖြစ်ပြီး 8/128 GB မော်ဒယ်အတွက် ယူရို ၁၀၀၀ (မြန်မာငွေ ၁၇ သိန်းခန့်) ကျသင့်ကာ 256GB မော်ဒယ်က ယူရို ၁၁၀၀ (မြန်မာငွေ ၁၉ သိန်းနီးပါး) နဲ့ အမြင့်ဆုံး 512 GB မော်ဒယ်ကတော့ ယူရို ၁၂၅၀ (မြန်မာငွေ နှစ်ဆယ့်တစ်သိန်းကျော်) သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ Huawei P30 Pro ရဲ့ Base မော်ဒယ်ကို ငွေကျပ် ၁၄၉၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena