Technical Image Press Association (TIPA) ဟာ တစ်ကမ္ဘာလုံးမှာ ဓါတ်ပုံနဲ့ ပတ်သက်တဲ့စာတမ်းများစွာ ပြုစုထားတဲ့ အဖွဲ့အစည်း ၁ ခု ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဓါတ်ပုံ စမတ်ဖုန်း အဖြစ် Huawei P40 Series ကို ရွေးချယ်လိုက်ပါတယ်။

TIPA က အဲဒီ စမတ်ဖုန်းတွေကို များများစားစား စမ်းသပ်တာ မဟုတ်ဘဲ တီထွင်ဆန်းသစ်မှုကို အသားပေး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ Huawei P40 Series ရဲ့ 50MP 1/1.28-inch ဟာ အရွယ်အစား အကြီးဆုံး စမတ်ဖုန်း ဆန်ဆာ ဖြစ်ပြီး Ominidirectional Phase-detect Autofocus ထည့်သွင်းထားပါတယ်။

Huawei ဟာ TIPA ရဲ့ အကောင်းဆုံး ဓါတ်ပုံ စမတ်ဖုန်း ဆုတွေကို ၂၀၁၇ ခုနှစ်ထဲက သိမ်းပိုက်လာတာ ဖြစ်ပါတယ်။ အရင်ကတော့ စမတ်ဖုန်းတွေမှာ အရှေ့နဲ့ အနောက်ကင်မရာ ၁ လုံး၊ ၂ လုံးပဲ ထည့်သွင်းခဲ့ကြတာ ဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ အရှေ့ကင်မရာ ၂ လုံးနဲ့ အနောက်ကင်မရာ ၃ လုံး၊ ၄ လုံးလောက်ပါလာကြပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ကနေ ရိုက်ကူးတဲ့ ဓါတ်ပုံတွေဟာလည်း အရမ်း လန်းလာပြီး အဆင့်မြင့် Effect တွေ သုံးနိုင်လာပါတယ်။

Ref : gsmarena