[Zawgyi]

Huawei မွ ၎၏ ၂၀၁၉ ခုႏွစ္ ပထမသုံးလပတ္ စီးပြားေရး ရလဒ္အား ယေန႔တြင္ သတင္းထုတ္ျပန္လိုက္သည္။ ၂၀၁၉ ခုႏွစ္၏ ပထမသုံးလပတ္တြင္ Huawei မွ တ႐ုတ္ယြမ္ ၁၇၉.၇ ဘီလီယံ ဝင္ေငြ ရရွိခဲ့ၿပီး ယမန္ႏွစ္ႏွင့္ ယွဥ္လွ်င္ ၃၉% တိုးတက္ လာျခင္းျဖစ္သည္။ ၂၀၁၉ ခုႏွစ္၏ ပထမသုံးလပတ္ အသားတင္အျမတ္ဝင္ေငြသည္ ယမန္ႏွစ္ ႏွင့္ ယွဥ္လွ်င္ ၈% တိုးတက္လာျခင္းျဖစ္သည္။

Huawei သည္ ၎၏ ICT အေျခခံ အေဆာက္အအုံ ႏွင့္ စမတ္ထုတ္ကုန္မ်ားေပၚတြင္ ဆက္လက္ အေလးေပးေဆာင္႐ြက္လွ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္ ၏ ရလဒ္အား အေကာင္းဆုံးျဖစ္ေအာင္ ေထာက္ပံ့ႏိုင္ခဲ့သည့္ ထိေရာက္မႈရွိၿပီး အရည္အေသြးေကာင္းမြန္သည့္ လုပ္ငန္းမ်ားအား ယခင္ထက္ တိုးျမႇင့္ လုပ္ေဆာင္သြားမည္ျဖစ္သည္။

၂၀၁၉ ခုႏွစ္သည္ 5G ကို ကမာၻႏွင့္အဝွမ္း အမ်ားအျပား တည္ေဆာက္ၾကမည့္ ႏွစ္တစ္ႏွစ္ ျဖစ္လာမည္ ျဖစ္ၿပီး Huawei Carrier Business Group အေနျဖင့္ မႀကဳံစဖူးသည့္ဖြံ႕ၿဖိဳးတိုးတက္မႈအခြင့္အေရးမ်ားႀကဳံရမည့္ ႏွစ္လည္း ျဖစ္သည္။ ၂၀၁၉ ခုႏွစ္ မတ္လ အကုန္တြင္ 5G စီးပြားျဖစ္စာခ်ဳပ္ေပါင္း ၄၀ ေက်ာ္ကို ကမာၻ႔ဦးေဆာင္ဆက္သြယ္ ေရးလုပ္ငန္းမ်ားႏွင့္ Huawei တို႔ၾကား ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ကမာၻတစ္ဝန္းရွိ ေဈးကြက္မ်ားသို႔ 5G အေျခစိုက္စခန္း ေပါင္း ၇၀,၀၀၀ ေက်ာ္ကိုလည္း တင္ပို႔ႏိုင္ခဲ့သည္။

၂၀၁၉ ခုႏွစ္ ပထမ ၃ လပတ္တြင္ Huawei Enterprise Business Group ကလည္း ၎၏ဒစ္ဂ်စ္တယ္ ပလက္ေဖာင္း ႏွင့္ “Huawei Inside” ဗ်ဴဟာအသစ္ကို မိတ္ဆက္ေပးႏိုင္ခဲ့သည္။ ေနရာတိုင္းတြင္ အသိဉာဏ္ ပါဝင္ကာ ခ်ိတ္ဆက္ႏိုင္မည့္ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ားကို ေဆာင္ယူလာေပးျခင္းျဖင့္ ဒစ္ဂ်စ္တယ္တ႐ုတ္ ႏိုင္ငံ၏ အေျခခံအုတ္ျမစ္ကို တည္ေဆာက္ေပးႏိုင္ေရးႏွင့္ ဒစ္ဂ်စ္တယ္ကမာၻႀကီး၏ ပင္မဗဟိုခ်က္ျဖစ္လာေရး ေဆာင္႐ြက္ေပးရန္ Huawei မွ သႏၷိ႒ာန္ ခ်ထားလွ်က္ရွိသည္။ Huawei Enterprise Business Group သည္ ကမာၻ႔ ပထမဆုံး 5G သုံး Wi-Fi 6 အသုံးျပဳႏိုင္သည့္ ေနရာကိုလည္း တည္ေဆာက္ေပးခဲ့သည္။ ၂၀၁၉ ခုႏွစ္ ပထမ ၃ လပတ္အကုန္တြင္ Wi-Fi 6 ထုတ္ကုန္မ်ားကို အျခားေသာကုမၸဏီမ်ားထက္ ပိုမိုမ်ားျပားစြာ Huawei က တင္ပို႔ ႏိုင္ခဲ့သည္။

Huawei Consumer Business Group အေနျဖင့္လည္း ၎၏ဆန္းသစ္တီထြင္ထားသည့္ ထုတ္ကုန္မ်ားျဖင့္ သုံးစြဲသူမ်ား၏ အက်ိဳးအျမတ္မ်ားပိုမိုျဖစ္ထြန္းေစရန္ ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိသည္။ Huawei Consumer Business Group ၏ အဓိက မဟာဗ်ဴဟာသည္ အေျခအေနအရပ္ရပ္အတိုင္းအတြက္ အသိဉာဏ္ ျပည့္ဝစြာ ေဆာင္႐ြက္ႏိုင္သည့္အေတြ႕အႀကဳံမ်ားကို ေဆာင္ယူလာေပးရန္ျဖစ္သည္။ ၂၀၁၉ ခုႏွစ္ ပထမ ၃လပတ္ တြင္ Huawei က စမတ္ဖုန္းအလုံးေရ ၅၉ မီလီယံ အား တင္ပို႔ေရာင္းခ်ႏိုင္ခဲ့သည္။ PC မ်ား၊ wearable မ်ား ႏွင့္ smart home မ်ား ကဲ့သို႔ေသာ အျခားစီးပြားလုပ္ငန္းအစိတ္အပိုင္းမ်ားတြင္လည္း Huawei ၏ ဆန္းသစ္သည့္ ထုတ္ကုန္မ်ားႏွင့္ အဆင့္ျမင့္မားသည့္ သုံးစြဲသူအေတြ႕အႀကဳံမ်ားေၾကာင့္ လူအမ်ားအျပား၏ လက္ခံႀကိဳဆိုမႈအား ရရွိခဲ့သည္။

HUAWEI CLOUD မွ တီထြင္ဆန္းသစ္မႈမ်ား ဆက္လက္ျပဳလုပ္လွ်က္ရွိၿပီး HUAWEI CLOUD သည္ အေကာင္းဆုံးေသာ hybrid cloud တည္ေဆာင္ရန္ ၊ အသိဉာဏ္ျမင့္လုပ္ငန္း နယ္ပယ္မ်ားအတြက္ အလုံးစုံပါဝင္ေသာ AI solutions မ်ား ေထာက္ပံ့ရန္ ႏွင့္ AI အား အမွန္တကယ္ အေကာင္အထည္ေဖာ္ရန္ ရည္႐ြယ္ထားသည္။ လုပ္ငန္းစုသုံးစြဲသူမ်ားႏွင့္ developer ေပါင္း တစ္သန္းေက်ာ္က HUAWEI CLOUD ႏွင့္ လက္တြဲေဆာင္႐ြက္ရန္ ေ႐ြးခ်ယ္ခဲ့ၾကသည္။ ၂၀၁၉ ခုႏွစ္ ပထမ ၃ လပတ္တြင္ HUAWEI CLOUD အား စကၤာပူတြင္ မိတ္ဆက္ခဲ့ၿပီး ၎၏ AI ေဈးကြက္ပုံစံကိုလည္း မိတ္ဆက္ေပး ခဲ့သည္။ HUAWEI CLOUD ၏ one-stop-shop AI ဖြံ႕ၿဖိဳးေရးပလက္ေဖာင္းျဖစ္သည့္ ModelArts သည္ Stanford DAWNBench ၏ သင္ယူမႈၿပိဳင္ပြဲတြင္ နက္နဲသည့္သင္ယူမႈမ်ားျဖစ္ၾကသည့္ အျမင္ခြဲျခားစိတ္ျဖာေရးသင္ၾကားမႈႏွင့္ ယူဆခ်က္ဆိုင္ရာသင္ၾကားမႈ ၂ မ်ိဳးလုံးတြင္ ပထမေနရာသို႔ ေရာက္ရွိခဲ့သည္။

***ေဖာ္ျပထားသည့္ဘ႑ာေရးအခ်က္အလက္မ်ားသည္ ႏိုင္ငံတကာဘ႑ာေရးသတင္းပို႔ျခင္းစံခ်ိန္စံၫႊန္းမ်ားအတိုင္း ေဖာ္ျပထားၿပီး တရားဝင္စာရင္းမစစ္ေဆးရေသးသည့္ အခ်က္အလက္မ်ားျဖစ္သည္။ မတ္လ ၂၀၁၉ ခုႏွစ္အတြက္ ေငြေၾကးလဲလွယ္ႏႈန္း သည္ USD 1 = CNY 6.7112 ျဖစ္သည္။ ( သတင္းအရင္းအျမစ္ : Reuters)

[Unicode]

Huawei မှ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်၏ စီးပွားရေးရလဒ်များကို ထုတ်ပြန်ကြေညာ

Huawei မှ ၎င်း၏ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် စီးပွားရေး ရလဒ်အား ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ၂၀၁၉ ခုနှစ်၏ ပထမသုံးလပတ်တွင် Huawei မှ တရုတ်ယွမ် ၁၇၉.၇ ဘီလီယံ ဝင်ငွေ ရရှိခဲ့ပြီး ယမန်နှစ်နှင့် ယှဉ်လျှင် ၃၉% တိုးတက် လာခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၏ ပထမသုံးလပတ် အသားတင်အမြတ်ဝင်ငွေသည် ယမန်နှစ် နှင့် ယှဉ်လျှင် ၈% တိုးတက်လာခြင်းဖြစ်သည်။

Huawei သည် ၎င်း၏ ICT အခြေခံ အဆောက်အအုံ နှင့် စမတ်ထုတ်ကုန်များပေါ်တွင် ဆက်လက် အလေးပေးဆောင်ရွက်လျှက်ရှိပြီး ၂၀၁၉ ခုနှစ် ၏ ရလဒ်အား အကောင်းဆုံးဖြစ်အောင် ထောက်ပံ့နိုင်ခဲ့သည့် ထိရောက်မှုရှိပြီး အရည်အသွေးကောင်းမွန်သည့် လုပ်ငန်းများအား ယခင်ထက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်သည် 5G ကို ကမ္ဘာနှင့်အဝှမ်း အများအပြား တည်ဆောက်ကြမည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်ပြီး Huawei Carrier Business Group အနေဖြင့် မကြုံစဖူးသည့်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကြုံရမည့် နှစ်လည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လ အကုန်တွင် 5G စီးပွားဖြစ်စာချုပ်ပေါင်း ၄၀ ကျော်ကို ကမ္ဘာ့ဦးဆောင်ဆက်သွယ် ရေးလုပ်ငန်းများနှင့် Huawei တို့ကြား ချုပ်ဆိုနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များသို့ 5G အခြေစိုက်စခန်း ပေါင်း ၇၀,၀၀၀ ကျော်ကိုလည်း တင်ပို့နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ပထမ ၃ လပတ်တွင် Huawei Enterprise Business Group ကလည်း ၎င်း၏ဒစ်ဂျစ်တယ် ပလက်ဖောင်း နှင့် “Huawei Inside” ဗျူဟာအသစ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည်။ နေရာတိုင်းတွင် အသိဉာဏ် ပါဝင်ကာ ချိတ်ဆက်နိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို ဆောင်ယူလာပေးခြင်းဖြင့် ဒစ်ဂျစ်တယ်တရုတ် နိုင်ငံ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်ရေးနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး၏ ပင်မဗဟိုချက်ဖြစ်လာရေး ဆောင်ရွက်ပေးရန် Huawei မှ သန္နိဋ္ဌာန် ချထားလျှက်ရှိသည်။ Huawei Enterprise Business Group သည် ကမ္ဘာ့ ပထမဆုံး 5G သုံး Wi-Fi 6 အသုံးပြုနိုင်သည့် နေရာကိုလည်း တည်ဆောက်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အကုန်တွင် Wi-Fi 6 ထုတ်ကုန်များကို အခြားသောကုမ္ပဏီများထက် ပိုမိုများပြားစွာ Huawei က တင်ပို့ နိုင်ခဲ့သည်။

Huawei Consumer Business Group အနေဖြင့်လည်း ၎င်း၏ဆန်းသစ်တီထွင်ထားသည့် ထုတ်ကုန်များဖြင့် သုံးစွဲသူများ၏ အကျိုးအမြတ်များပိုမိုဖြစ်ထွန်းစေရန် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ Huawei Consumer Business Group ၏ အဓိက မဟာဗျူဟာသည် အခြေအနေအရပ်ရပ်အတိုင်းအတွက် အသိဉာဏ် ပြည့်ဝစွာ ဆောင်ရွက်နိုင်သည့်အတွေ့အကြုံများကို ဆောင်ယူလာပေးရန်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ပထမ ၃လပတ် တွင် Huawei က စမတ်ဖုန်းအလုံးရေ ၅၉ မီလီယံ အား တင်ပို့ရောင်းချနိုင်ခဲ့သည်။ PC များ၊ wearable များ နှင့် smart home များ ကဲ့သို့သော အခြားစီးပွားလုပ်ငန်းအစိတ်အပိုင်းများတွင်လည်း Huawei ၏ ဆန်းသစ်သည့် ထုတ်ကုန်များနှင့် အဆင့်မြင့်မားသည့် သုံးစွဲသူအတွေ့အကြုံများကြောင့် လူအများအပြား၏ လက်ခံကြိုဆိုမှုအား ရရှိခဲ့သည်။

HUAWEI CLOUD မှ တီထွင်ဆန်းသစ်မှုများ ဆက်လက်ပြုလုပ်လျှက်ရှိပြီး HUAWEI CLOUD သည် အကောင်းဆုံးသော hybrid cloud တည်ဆောင်ရန် ၊ အသိဉာဏ်မြင့်လုပ်ငန်း နယ်ပယ်များအတွက် အလုံးစုံပါဝင်သော AI solutions များ ထောက်ပံ့ရန် နှင့် AI အား အမှန်တကယ် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။ လုပ်ငန်းစုသုံးစွဲသူများနှင့် developer ပေါင်း တစ်သန်းကျော်က HUAWEI CLOUD နှင့် လက်တွဲဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်တွင် HUAWEI CLOUD အား စင်္ကာပူတွင် မိတ်ဆက်ခဲ့ပြီး ၎င်း၏ AI ဈေးကွက်ပုံစံကိုလည်း မိတ်ဆက်ပေး ခဲ့သည်။ HUAWEI CLOUD ၏ one-stop-shop AI ဖွံ့ဖြိုးရေးပလက်ဖောင်းဖြစ်သည့် ModelArts သည် Stanford DAWNBench ၏ သင်ယူမှုပြိုင်ပွဲတွင် နက်နဲသည့်သင်ယူမှုများဖြစ်ကြသည့် အမြင်ခွဲခြားစိတ်ဖြာရေးသင်ကြားမှုနှင့် ယူဆချက်ဆိုင်ရာသင်ကြားမှု ၂ မျိုးလုံးတွင် ပထမနေရာသို့ ရောက်ရှိခဲ့သည်။

***ဖော်ပြထားသည့်ဘဏ္ဍာရေးအချက်အလက်များသည် နိုင်ငံတကာဘဏ္ဍာရေးသတင်းပို့ခြင်းစံချိန်စံညွှန်းများအတိုင်း ဖော်ပြထားပြီး တရားဝင်စာရင်းမစစ်ဆေးရသေးသည့် အချက်အလက်များဖြစ်သည်။ မတ်လ ၂၀၁၉ ခုနှစ်အတွက် ငွေကြေးလဲလှယ်နှုန်း သည် USD 1 = CNY 6.7112 ဖြစ်သည်။ ( သတင်းအရင်းအမြစ် : Reuters)