[Zawgyi]

Galaxy Fold ေတြ ေဈးကြက္ထဲကို ေအာင္ျမင္စြာနဲ႔ ျဖန႔္ခ်ိႏိုင္ခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္နည္းပညာကုမၸဏီႀကီးကလည္း သူတို႔ရဲ႕ Mate X ေတြကို တတ္ႏိုင္သမွ် ေစာၿပီး ေဈးကြက္ထဲပို႔ဖို႔ ႀကိဳးပမ္းလာရၿပီ ျဖစ္ပါတယ္။

ကနဦးသတင္းထုတ္ျပန္မႈအျဖစ္ Huawei Mate X ေတြကို ေအာက္တိုဘာ၊ ဒါမွမဟုတ္ ႏိုဝင္ဘာလထဲမွာ ေဈးကြက္ထဲပို႔ေဆာင္မယ္လို႔ CEO Richard Yu က ေျပာထားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ျဖန႔္ခ်ိမယ့္ အခ်ိန္ကို ေအာက္တိုဘာလထဲ ေ႐ႊ႕လိုက္ၿပီလို႔ သိရပါတယ္။ Huawei Customer Service ဘက္ကေန ထြက္လာတဲ့ သတင္းအရ ေအာက္တိုဘာလအတြင္းမွာ တ႐ုတ္ႏိုင္ငံေဈးကြက္ထဲကို ျဖန႔္မွာျဖစ္ၿပီး ႏိုင္ငံတကာ ေဈးကြက္ကိုေတာ့ ႏိုဝင္ဘာလမွ ျဖန႔္မယ္လို႔ သိရပါတယ္။

Mate X ေတြဟာ ေဈးကြက္အဝင္ ေနာက္က်ေပမယ့္ Kirin 980 chipset နဲ႔ external 5G modem ေတြပါဝင္တာကေတာ့ အားသာခ်က္ တစ္ခုပါပဲ။ ဒါေပမယ့္ Huawei အေနနဲ႔ သူတို႔ရဲ႕ Mate X မွာ Kirin 990 ကို အစားထိုးၿပီး အဆင့္ျမႇင့္တင္မယ္လို႔လည္း သတင္းထြက္ထားျပန္ပါေသးတယ္။ Kirin 990 ကို အရင္ထုတ္ၿပီးသား Mate X ေတြမွာပါ ေျပာင္းလဲအစားထိုးမွာလား၊ ဒါမွမဟုတ္ ေနာက္ထုတ္မယ့္ Mate X ေတြမွာပဲ သုံးမွာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

အကယ္၍ ေနာက္ထုတ္မယ့္ Mate X ေတြမွာပဲ Kirin 990 ကို သုံးထားမယ္ဆိုရင္ေတာ့ Version ႏွစ္မ်ိဳးျဖစ္သြားၿပီး Kirin 990 က Premium အမ်ိဳးအစား ျဖစ္လာႏိုင္ပါတယ္။ လက္ရွိအခ်ိန္အထိ Huawei ရဲ႕ တရားဝင္ ဝက္ဆိုက္ေတြမွာ Kirin 980 နဲ႔ ပဲတင္ထားတာကို ေတြ႕ျမင္ရပါေသးတယ္။ ဒါေၾကာင့္ Kirin 990 ကို တရားဝင္ မေၾကညာခင္အထိ ေကာလာဟလ အျဖစ္သာ ထားရွိရဦးမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ Mate X ေတြဟာ Android ေမာင္းႏွင္မွာျဖစ္ေပမယ့္ Google Apps နဲ႔ပတ္သက္လို႔ေတာ့ ျပႆနာ ရွိေနတုန္း ျဖစ္ပါတယ္။ Mate X ေတြ ႏိုင္ငံတကာေဈးကြက္ကို ျဖန႔္ခ်ိခ်ိန္မွာ ပိတ္ပင္မႈကို ေျဖေလွ်ာ့လိုက္မယ္ဆိုရင္ေတာ့ Google Services ေတြသုံးႏိုင္မွာ ျဖစ္ေပမယ့္ ဒီမတိုင္ခင္အခ်ိန္အထိေတာ့ Mate 30 ေတြလိုပဲ Huawei Media Services နဲ႔ပဲ ျဖန႔္ခ်ိသြားဖြယ္ရွိပါတယ္။

Ref: GSM Arena

[Unicode]

Huawei Mate X ကို အောက်တိုဘာလအတွင်း တရုတ်နိုင်ငံဈေးကွက်ထဲ ဖြန့်ချိဖွယ်ရှိ

Galaxy Fold တွေ ဈေးကွက်ထဲကို အောင်မြင်စွာနဲ့ ဖြန့်ချိနိုင်ခဲ့ပြီးတဲ့နောက် တရုတ်နည်းပညာကုမ္ပဏီကြီးကလည်း သူတို့ရဲ့ Mate X တွေကို တတ်နိုင်သမျှ စောပြီး ဈေးကွက်ထဲပို့ဖို့ ကြိုးပမ်းလာရပြီ ဖြစ်ပါတယ်။

ကနဦးသတင်းထုတ်ပြန်မှုအဖြစ် Huawei Mate X တွေကို အောက်တိုဘာ၊ ဒါမှမဟုတ် နိုဝင်ဘာလထဲမှာ ဈေးကွက်ထဲပို့ဆောင်မယ်လို့ CEO Richard Yu က ပြောထားခဲ့ပေမယ့် အခုအချိန်မှာတော့ ဖြန့်ချိမယ့် အချိန်ကို အောက်တိုဘာလထဲ ရွှေ့လိုက်ပြီလို့ သိရပါတယ်။ Huawei Customer Service ဘက်ကနေ ထွက်လာတဲ့ သတင်းအရ အောက်တိုဘာလအတွင်းမှာ တရုတ်နိုင်ငံဈေးကွက်ထဲကို ဖြန့်မှာဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ကိုတော့ နိုဝင်ဘာလမှ ဖြန့်မယ်လို့ သိရပါတယ်။

Mate X တွေဟာ ဈေးကွက်အဝင် နောက်ကျပေမယ့် Kirin 980 chipset နဲ့ external 5G modem တွေပါဝင်တာကတော့ အားသာချက် တစ်ခုပါပဲ။ ဒါပေမယ့် Huawei အနေနဲ့ သူတို့ရဲ့ Mate X မှာ Kirin 990 ကို အစားထိုးပြီး အဆင့်မြှင့်တင်မယ်လို့လည်း သတင်းထွက်ထားပြန်ပါသေးတယ်။ Kirin 990 ကို အရင်ထုတ်ပြီးသား Mate X တွေမှာပါ ပြောင်းလဲအစားထိုးမှာလား၊ ဒါမှမဟုတ် နောက်ထုတ်မယ့် Mate X တွေမှာပဲ သုံးမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အကယ်၍ နောက်ထုတ်မယ့် Mate X တွေမှာပဲ Kirin 990 ကို သုံးထားမယ်ဆိုရင်တော့ Version နှစ်မျိုးဖြစ်သွားပြီး Kirin 990 က Premium အမျိုးအစား ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်အထိ Huawei ရဲ့ တရားဝင် ဝက်ဆိုက်တွေမှာ Kirin 980 နဲ့ ပဲတင်ထားတာကို တွေ့မြင်ရပါသေးတယ်။ ဒါကြောင့် Kirin 990 ကို တရားဝင် မကြေညာခင်အထိ ကောလာဟလ အဖြစ်သာ ထားရှိရဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Mate X တွေဟာ Android မောင်းနှင်မှာဖြစ်ပေမယ့် Google Apps နဲ့ပတ်သက်လို့တော့ ပြဿနာ ရှိနေတုန်း ဖြစ်ပါတယ်။ Mate X တွေ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိချိန်မှာ ပိတ်ပင်မှုကို ဖြေလျှော့လိုက်မယ်ဆိုရင်တော့ Google Services တွေသုံးနိုင်မှာ ဖြစ်ပေမယ့် ဒီမတိုင်ခင်အချိန်အထိတော့ Mate 30 တွေလိုပဲ Huawei Media Services နဲ့ပဲ ဖြန့်ချိသွားဖွယ်ရှိပါတယ်။

Ref: GSM Arena