HUAWEI ဟာ Foldable စမတ်ဖုန်းစျေးကွက်ကို အစောဆုံးမိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်အထိ HUAWEI ဟာ Mate X Series Foldable ဖုန်းတွေအမြောက်အများအပြင် HUAWEI P50 Pocket လိုမျိုး Foldable Flip ဖုန်းတွေကိုပါ မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း HUAWEI ကနေ Mate X3 Foldable ဖုန်းကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ထားပြီး ဒီဇိုင်းပိုင်းအရ အပါးလွှာဆုံး Foldable ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခုထပ်မံထွက်ရှိလာတဲ့သတင်းတွေအရ HUAWEI ဟာ စျေးနှုန်းပိုမိုသက်သာတဲ့ Foldable ဖုန်းအသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

အဆိုပါ HUAWEI Foldable ဖုန်းအသစ်ဟာ ပုံမှန် Mate သို့မဟုတ် P Series အနေနဲ့ မိတ်ဆက်လာမှာမဟုတ်ဘဲ Nova Series အနေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကလည်း စျေးနှုန်းပိုမိုသက်သာဖို့ကို ရည်ရွယ်ထားပြီး တရုတ်ယွမ်ငွေ ၄၀၀၀ ကနေ ၅၀၀၀ အကြားရောင်းချနိုင်ဖို့ကို ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာငွေ ၁၇ သိန်းကနေ သိန်း ၂၀ ဝန်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။

အခုလိုမျိုး HUAWEI Nova Foldable ဖုန်းအသစ်ဟာ စျေးသက်သာအောင် ဦးစားပေးထားတဲ့အတွက် Performance ပိုင်းမှာ Qualcomm Snapdragon 778G 4G Chipset ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ HUAWEI ဟာ Nova 11 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားတာကြောင့် Nova Foldable အသစ်ကို ဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China