Samsung ဟာ ၂၀၂၂ ခုနှစ်မတ်လမှာ အိန္ဒိယရဲ့ Super-premium စမတ်ဖုန်း OEMs ဖြစ်လာခဲ့ပါတယ်။ “စူပါပရီမီယံ” အပိုင်းမှာ ဈေးနှုန်း INR 100,000 ($1290) (၂၄ သိန်းဝန်းကျင်) အထက်နဲ့ ဖုန်းတွေပါရှိပြီး အများစုကို Samsung က ဈေးကွက်ဝေစု ၈၁% နဲ့ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Galaxy S22 စီးရီးတွေဟာ မတ်လမှာ အိန္ဒိယနိုင်ငံအတွင်း Samsung ရဲ့ အောင်မြင်မှုနောက်ကွယ်က အဓိကမောင်းနှင်အားလည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက Galaxy S22 Ultra မော်ဒယ်ဟာ ဈေးနှုန်းမြင့်မားပေမဲ့ လိုချင်သူများတယ်လို့ Hindustan Times က ရေးသားဖော်ပြထားပါတယ်။

Samsung ဟာ အိန္ဒိယစူပါပရီမီယံစမတ်ဖုန်းကဏ္ဍရဲ့ ဈေးကွက်ဝေစု ၈၁% ကို ပိုင်ဆိုင်ထားရာမှာ ဈေးကွက်ဝေစုရဲ့ ၇၄% ကို Galaxy S22 Ultra မော်ဒယ်နဲ့ ရယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယလိုဈေးကွက်မျိုးရဲ့ ဝယ်လိုအားနဲ့ပတ်သက်ပြီး အံ့အားသင့်စရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

Galaxy S22 Ultra ဟာ ဈေးနှုန်းမြင့်မားပေမဲ့ သူ့ရဲ့ Galaxy S နဲ့ Galaxy Note ပေါင်းစပ်ထားတဲ့လုပ်ဆောင်ချက်တွေကို ပိုပြီးလူကြိုက်များခဲ့တာလို့ ယုံကြည်ရပါတယ်။ Galaxy S22 Ultra ဟာ Galaxy S ရဲ့ဖော်မြူလာနဲ့ သိပ်ပြီးမကိုက်ညီဘူးဆိုပေမဲ့လည်း အိန္ဒိယက Samsung Fan တွေက နှစ်သက်ကြပုံပေါ်ပါတယ်။ ဒါဟာ မှန်းဆချက်သာဖြစ်ပြီး စစ်တမ်းကောက်ယူရခြင်း မရှိသေးတာကြောင့် အတိအကျမှတ်ယူထားလို့တော့ မရသေးပါဘူး။

အိန္ဒိယကကုမ္ပဏီရဲ့ ဈေးကွက်စွမ်းဆောင်ရည်ဟာ “ပရီမီယံပိုင်းမှာ အရှိန်ရနေပြီ” လို့ Counterpoint Research က မှတ်ချက်ပေးပါတယ်။ ကုမ္ပဏီဟာ Galaxy A နဲ့ Galaxy M ပေါင်းစပ်မှုကနေလည်း ဈေးကွက်ဝေစု ၃၈% ရခဲ့သေးတယ်လို့ သိရပါတယ်။

Ref: sammobile