Infinix Brand ဟာ အခုနောက်ပိုင်းမှာ ဆက်တိုက်ကို စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း Infinix ကနေ Zero 30 5G လို့ နာမည်ပေးထားတဲ့စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Infinix Zero 30 5G ဖုန်းရဲ့ အဓိကထူးခြားချက်က Front Selfie Camera ကို 50MP Sensor ထည့်သွင်းထားတာဖြစ်ပြီး 4K Video Recording တွေကို ရိုက်ကူးနိုင်မယ့်အပြင် Flash လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Vlog ရိုက်ကူးချင်တဲ့သူတွေကို အဓိကရည်ရွယ်ထားတယ်လို့တောင် ဆိုနိုင်ပါတယ်။

Infinix Zero 30 5G ဖုန်းဟာ Specification ပိုင်းမှာ MediaTek ရဲ့ Dimensity 8020 Chipset ကို အသုံးပြုထားပြီး RAM ပိုင်းမှာ 8GB သို့မဟုတ် 12GB ပါဝင်မှာဖြစ်သလို Storage ပိုင်းမှာ 256GB Storage ပါဝင်မှာဖြစ်ပါတယ်။

Camera အတွက် Samsung ရဲ့ 108MP ISOCELL HM6 Sensor ကို Main Camera အနေနဲ့ထည့်သွင်းထားပြီး 13MP Ultrawide Sensor အပြင် 2MP Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Display ပိုင်းမှာ 6.78″ 144Hz Full HD+ AMOLED Display ပါဝင်မှာဖြစ်ပြီး Curved Display အမျိုးအစားလည်းဖြစ်ပါတယ်။

Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်မှာဖြစ်တဲ့အပြင် 68W Fast Charging ကိုထည့် ထောက်ပံ့ပေးထားဦးမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Infinix Zero 30 5G ဖုန်းဟာ Golden Hour ၊ Rome Green နဲ့ Fantasy Purple ဆိုပြီး ၃ ရောင်ပါဝင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ $339 ဝန်းကျင်ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena