Unicode

Instagram ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Photo Sharing Platform တစ်ခုဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း Instagram ဟာ Mobile App တွေကိုပဲ ဦးစားပေးထားပြီးတော့ Facebook လိုမျိုး Desktop Web Version ကနေ အသုံးပြုနိုင်တဲ့ Feature အတော်များများကို ကန့်သတ်ခံထားရတာဖြစ်ပါတယ်။

အခုလိုမျိုး Instagram Web Version မှာ ကန့်သတ်ခံထားရတဲ့ Feature တွေက Account ပေါ်မှာ ဓါတ်ပုံတင်တာတွေ၊ Dark Theme မရရှိတာနဲ့ Direct Messaging ကို အသုံးမပြုနိုင်တာလိုမျိုး အများအပြားရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ Instagram Web Version မှာ Direct Messaging Feature ကို အသုံးပြုလာနိုင်မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Instagram ကိုယ်တိုင်ကနေ ဒီ Web Version အတွက် Direct Messaging ကို စတင်ဆောင်ရွက်နေပြီဆိုပြီး အတည်ပြုခဲ့တာကြောင့်ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ရရှိလာနိုင်မလဲဆိုတာကိုတော့ ပြောကြားခြင်းမရှိပေမယ့် ဖြစ်နိုင်တာက ယခုလကုန်ပိုင်းလောက်မှာ ရရှိဖို့ ရာခိုင်နှုန်းများနေပါတယ်။

Instagram ရဲ့ Direct Messaging Feature ဟာ ယခင်တုန်းကတော့ သာမန် Messaging Feature တစ်ခုလို့ပဲပြောလို့ရပေမယ့် နောက်ပိုင်းမှာ Stories တွေနဲ့ Post တွေကိုပါ Direct Message အနေနဲ့ ပေးပို့ပြီး စကားပြောနိုင်လာတဲ့အတွက် Instagram အသုံးပြုသူတွေအတွက် အရေးပါတဲ့ Feature တစ်ခုဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီ Instagram Web Version မှာ ရရှိလာမယ့် Direct Messaging Feature ကလည်း Mobile Version မှာလိုမျိုးပဲ End-to-End Encryption ကို Support ပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Ref – Phone Arena

Zawgyi

Instagram ဟာ လက္ရွိအခ်ိန္မွာ လူသုံးအမ်ားဆုံး Photo Sharing Platform တစ္ခုျဖစ္ေနတယ္ဆိုရင္လည္း မမွားပါဘူး။ ဒါေပမယ့္လည္း Instagram ဟာ Mobile App ေတြကိုပဲ ဦးစားေပးထားၿပီးေတာ့ Facebook လိုမ်ိဳး Desktop Web Version ကေန အသုံးျပဳႏိုင္တဲ့ Feature အေတာ္မ်ားမ်ားကို ကန္႔သတ္ခံထားရတာျဖစ္ပါတယ္။

အခုလိုမ်ိဳး Instagram Web Version မွာ ကန္႔သတ္ခံထားရတဲ့ Feature ေတြက Account ေပၚမွာ ဓါတ္ပုံတင္တာေတြ၊ Dark Theme မရရွိတာနဲ႔ Direct Messaging ကို အသုံးမျပဳႏိုင္တာလိုမ်ိဳး အမ်ားအျပားရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာခင္မွာေတာ့ Instagram Web Version မွာ Direct Messaging Feature ကို အသုံးျပဳလာႏိုင္မယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Instagram ကိုယ္တိုင္ကေန ဒီ Web Version အတြက္ Direct Messaging ကို စတင္ေဆာင္႐ြက္ေနၿပီဆိုၿပီး အတည္ျပဳခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဘယ္အခ်ိန္မွာ ရရွိလာႏိုင္မလဲဆိုတာကိုေတာ့ ေျပာၾကားျခင္းမရွိေပမယ့္ ျဖစ္ႏိုင္တာက ယခုလကုန္ပိုင္းေလာက္မွာ ရရွိဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

Instagram ရဲ႕ Direct Messaging Feature ဟာ ယခင္တုန္းကေတာ့ သာမန္ Messaging Feature တစ္ခုလို႔ပဲေျပာလို႔ရေပမယ့္ ေနာက္ပိုင္းမွာ Stories ေတြနဲ႔ Post ေတြကိုပါ Direct Message အေနနဲ႔ ေပးပို႔ၿပီး စကားေျပာႏိုင္လာတဲ့အတြက္ Instagram အသုံးျပဳသူေတြအတြက္ အေရးပါတဲ့ Feature တစ္ခုျဖစ္လာတယ္လို႔ ေျပာႏိုင္ပါတယ္။

ဒါေပမယ့္လည္း ဒီ Instagram Web Version မွာ ရရွိလာမယ့္ Direct Messaging Feature ကလည္း Mobile Version မွာလိုမ်ိဳးပဲ End-to-End Encryption ကို Support ျပဳလုပ္မွာမဟုတ္ဘူးလို႔ သိရပါတယ္။

Ref – Phone Arena