Instagram မှာဓာတ်ပုံတင်ရုံနဲ့မဝသေးရင် Stories မှာ Video လေးတွေထပ်တင်လို့ရပါသေးတယ်။ ဒီ Feature ကိုလည်း အသုံးပြုတဲ့သူတော်တော်များပါတယ်။ အခုတော့ Stories အတွက် Feature အသစ်ကို Instagram က ထပ်ထည့်ပေးပါတော့မယ်။

Source : Instagram

Stories မှာ ဓာတ်ပုံတွေ Video တွေကို တစ်ရက်တည်းမှာအများကြီးတင်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီအများကြီးကို တစ်ခါတည်းပေါင်းတင်လို့မရခဲ့ပါဘူး။ အခုတော့ Feature အသစ်ကြောင့် Stories မှာ ဓာတ်ပုံတွေ၊ Video တွေကို တစ်ခါတည်း Multiple Select လုပ်ပြီးတော့ တင်လို့ရလာတော့မှာပါ။

Stories မှာတင်ဖို့ အရင်ကလိုပဲ ပုံရွေးတဲ့နေရာမှာ Select Multiple ဆိုပြီး အသစ်ထပ်တိုးလာမှာပါ။ Multiple Select လုပ်ပြီးရင်လည်း အရင်ကလိုပဲ တစ်ပုံခြင်းစီကို Edit လုပ်တာ၊ Sticker တွေထည့်တာမျိုးတွေလုပ်နိုင်ပါတယ်။ ဓာတ်ပုံအဟောင်းတွေကို Upload လုပ်တဲ့အခါမှာလည်း Location နဲ့ပတ်သက်ပြီး ပိုတိကျတဲ့ Suggestion တွေကိုပေးလာနိုင်ပါပြီ။ ဓာတ်ပုံရိုက်ခဲ့တဲ့ Location ကို ဓာတ်ပုံရဲ့ Geo Tag ကိုဖတ်ပြီး Instagram က Suggestion လုပ်ပေးမှာဖြစ်ပါတယ်။

Source : Instagram

လောလောဆယ်တော့ ဖုန်းတိုင်းမှာ မရသေးပေမယ့် ရတဲ့အချိန်မှာ အလိုလိုပေါ်လာမှာဖြစ်ပါတယ်။ App ကနောက်ဆုံး Version ဖြစ်နေပြီးသားဆိုရင် Update လုပ်စရာမလိုပါဘူး။ Stories Feature အသစ်ကတော့ Android ဖုန်းတွေမှာပဲ သုံးလို့ရသေးတာဖြစ်ပြီး iOS အတွက်တော့ နည်းနည်းနောက်ကျေInstagram Stories သုံးတတ်တဲ့သူတွေအတွက် Feature အသစ်ကို ထုတ်ပေးလိုက်ပြီနတာပဲဖြစ်ပါတယ်။