Apple iOS User တွေအတွက် iOS 14 ကို နောက်ဆုံးမှာတော့ WWDC 2020 Keynote မှာ မိတ်ဆက်သွားခဲ့ပါပြီ။ အဆိုပါ iOS 14 မှာ Visual ပိုင်းပြောင်းလဲမှုတွေအများအပြားပါဝင်ခဲ့သလို စိတ်ဝင်စားစရာ Feature တွေလည်း အများအပြားပါဝင်ခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ Home Screen မှာပါ Widget တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြသနိုင်တဲ့ Data တွေပိုမိုများပြားလာသလို Size ကိုလည်း မျိုးစုံပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ယခင်တုန်းက Widget တွေကိုအသုံးပြုနိုင်တဲ့ Today Screen က ဆက်လက်ရှိနေဦးမှာဖြစ်ပေမယ့် Home Screen မှာပါ Widget တွေထားရှိနိုင်တာ အားသာချက်ဖြစ်မှာပါ။

ယခင်တုန်းက သတင်းတွေထွက်ရှိခဲ့သလိုမျိုး iOS 14 မှာ App Drawer Feature တော့ ပါဝင်ခြင်းမရှိပေမယ့် App တွေကို Category အလိုက်ခွဲခြားပေးနိုင်တဲ့ App Library ဆိုတဲ့ Feature တစ်ခုကတော့ အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် Home Screen Page တွေကို အကုန်လုံးထားစရာမလိုတော့ပဲ လိုအပ်သလောက်ပဲ ထားနိုင်ပါပြီ။

နောက်ထပ် Video Playback နဲ့ FaceTime Call တွေအတွက် Picture-in-Picture Mode ပါ ပါဝင်လာပြီဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ အဆိုပါ Picture-in-Picture Video ကို Screen ရဲ့ ဘေးဘက်ကို ကပ်ထားပြီး Audio Only ဖွင့်ထားလို့လည်းရတာပဲဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Siri User Interface ကိုလည်း Full Screen အစား Design ပြောင်းလဲထားခဲ့ပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Apple ရဲ့ ကိုယ်ပိုင် Code တစ်ခုကို NFC သို့မဟုတ် Scan ဖတ်လိုက်တာနဲ့ ဖုန်းထဲမှာ မသွင်းထားတဲ့ App တွေကိုပါ ချက်ချင်း Full App Install ပြုလုပ်စရာမလိုဘဲ အသုံးပြုနိုင်မယ့် App Clips Feature အသစ်၊ ဘာသာစကာ ၁၁ မျိုးအထိ အသုံးပြုနိုင်မယ့် Translate App အသစ်၊ Maps နဲ့ CarPlay တွေကိုပါ အဆင့်မြှင့်တင်ထားခဲ့ပါတယ်။

အဆိုပါ iOS 13 Developer Preview ကို ယခုအချိန်မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမယ့်ဇူလိုင်လအတွင်းမှာ Public Beta ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Final Stable Version ကိုတော့ နှစ်ကုန်ပိုင်းမှပဲ ရရှိမှာဖြစ်ပြီး iPhone 6S နဲ့အထက် iPhone တွေအကုန်လုံးမှာ ရရှိသွားမှာဖြစ်ပါတယ်။

Ref – GSM Arena