Apple က iOS 15 နဲ့ iPadOS 15 ကို ဒီလ ၂၀ ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပြီး iPhone နဲ့ iPad အတွက် လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ Apple က FaceTime လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးလိုက်ပြီး iMessage က ပိုကောင်းလာကာ သင့် သူငယ်ချင်းတွေ ပေးပို့ထားတဲ့ Link နဲ့ Photo တွေကို လွယ်ကူစွာ ရှာဖွေလို့ရလာပါတယ်။ iPad ရဲ့ Home Screen ကို ဆန်းသစ်ထားပြီး Multitasking ပိုကောင်းလာပါတယ်။

iOS 15」 「iPadOS 15」 対応機種まとめ。初代iPhone SEもサポート継続 | CoRRiENTE.top

iOS 15 နဲ့ iPadOS 15 ကို Install မလုပ်ခင် iPhone , iPad ကို အဆင်သင့် ပြုလုပ်နည်း

iOS 15 နဲ့ iPadOS 15 ကို Install မလုပ်ခင်မှာ မိနစ်အနည်းငယ်လောက် အချိန်ယူပြီး Maintenance ပြုလုပ်ထားသင့်ပါတယ်။ ဒါမှသာ Update ကို ချောချောမွတ်မွတ် တင်နိုင်မှာ ဖြစ်ပြီး Storage မှာ မလိုအပ်တာတွေကို ရှင်းလင်းထားသင့်ပါတယ်။ Install မလုပ်ခင်မှာ Backup လုပ်ထားဖို့ အကြံပေးချင်ပါတယ်။ ဒါမှသာ Update လုပ်တဲ့ အခါမှာ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် သင့် ဒေတာတွေ မပျက်ဆီးမှာပါ။ အဲဒါတွေကို ပြုလုပ်ပြီးရင်တော့ သင့် iPhone , iPad ဟာ iOS 15 နဲ့ iPadOS 15 ကို တင်ဖို့ အဆင်သင့် ဖြစ်သွားပါပြီ။

iOS 15 နဲ့ iPadOS 15 ကို တင်လို့ရတဲ့ iPhone နဲ့ iPad မော်ဒယ်များ

Apple က iOS 15 နဲ့ iPadOS 15 ကို တင်လို့ရတဲ့ iPhone နဲ့ iPad မော်ဒယ် စာရင်းကို ထုတ်ပြန်ထားပါတယ်။ iOS 14 တင်ထားတဲ့ iPhone အားလုံးမှာ iOS 15 ကို တင်နိုင်မှာ ဖြစ်ပါတယ်။ Compatible Device စာရင်း အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

iOS 15 နဲ့ iPadOS 15 ကို Install ပြုလုပ်နည်း

သင့် iPhone နဲ့ iPad မှာ Update ရပြီ ဆိုရင် တခြား Software Update တွေ တင်သလိုပဲ တင်ရမှာပါ။ Update လုပ်နေချိန်မှာ အားမကုန်သွားအောင် အားသွင်းထားတာလည်း ကောင်းပါတယ်။ Update လုပ်ရင် ပိုမြန်စေဖို့ လိုင်းကောင်းတဲ့ WiFi ကို ချိတ်ဆက်ထားသင့်ပါတယ်။ Update လုပ်ဖို့အတွက် အောက်ပါ နည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

၁။ Settings App ကို ဖွင့်ပါ။

၂။ General ကို ရွေးချယ်ပါ။

၃။ Software Update ကို နှိပ်ပါ။

ဒါဆိုရင် သင့် Device ဟာ Apple ရဲ့ Servers တွေကို ဆက်သွယ်မှာ ဖြစ်ပြီး Update ကို Download နဲ့ Install လုပ်ဖို့ အသိပေးမှာပါ။ ညွှန်ကြားချက်အတိုင်း ပြုလုပ်ကာ Install လုပ်ရမှာဖြစ်ပြီး သင့် Device ဟာ Reboot ဖြစ်ပြီးသွားရင် iOS 15 ကို တင်တာ အောင်မြင်သွားပါပြီ။ iPad မှာ iPadOS 15 ကို တင်ဖို့အတွက်လည်း အလားတူ နည်းအတိုင်း ပြုလုပ်ရမှာပါ။

Ref : cnet