Apple iPhone 14 Pro Max တွေ ရောင်းအားကောင်းတာကြောင့် ၂၀၂၂ ခုနှစ် ကွာတား  ၄ ဖြစ်တဲ့ အောက်တိုဘာလ ကနေ ဒီဇင်ဘာလအတွင်း iOS ဈေးကွက်ဝေစုဟာ တိုးတက်လာပြီး Android က ကျဆင်းသွားပါတယ်။

iOS market share ticks up at the end of 2022, Android down slightly

iOS က ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းအောက်နဲ့ Android က ၇၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်လို့ Statista ရဲ့ ဒေတာတွေက ဖော်ပြထားပါတယ်။(အထက်ပါ Graph မှာ iOS နဲ့ Android ရဲ့ ဈေးကွက်ဝေစုကို ကွာတား အလိုက် လေ့လာနိုင်ပါတယ်။) iPhone 14 Pro နဲ့ 14 Pro Max တို့ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပထမဆုံး အနေနဲ့ ကင်မရာ စွမ်းရည် ကြီးကြီးမားမားတိုးတက်လာပြီး Dynamic Island ဒီဇိုင်း အသစ်ကြောင့် လူများစွာက စိတ်ဝင်စားကာ ဝယ်ယူခဲ့ကြပါတယ်။

iOS ဈေးကွက်ဝေစု မြင့်မားလာခြင်းမှာ ဒီဇိုင်းနဲ့ကင်မရာ အပိုင်းကြောင့်ပဲ မဟုတ်ပါဘူး။ StockApps ရဲ့ လေ့လာဆန်းစစ်သူ Edith Reads က “ Apple ဟာ Customer Experience ကို အာရုံစိုက်ထားခြင်း၊ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေးမြင့် ထုတ်ကုန်တွေကြောင့် မိုဘိုင်း ဈေးကွက်မှာ နေရာပိုရလာပါတယ်။ စွမ်းရည်မြင့် iPhone 14 Pro Max ကို မိတ်ဆက်ပြီးနောက်မှာ Apple ဟာ စမတ်ဖုန်း လောကမှာ ပြိုင်စံရှား ဖြစ်သွားပြီး User များစွာကို iOS သုံးအောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ Android ကတော့ ထူးခြားဆန်းသစ်မှုနဲ့ Fragmentation ပြဿနာတွေကြောင့် တရုတ်လို အဓိက ဈေးကွက်တွေမှာ ဝေစု နည်းပါးသွားပြီး Android သုံးသူတွေဟာ Apple ပြောင်းသုံးလာကြပါတယ်။ “ လို့ ပြောပါတယ်။

Smartphone OS market share in China

Apple ဟာ တရုတ်မှာ အကြီးမားဆုံး နိုင်ငံခြား စမတ်ဖုန်း Brand ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုကြောင့် Huawei ရဲ့ ရောင်းအား ကျဆင်းလာတဲ့အတွက် ကုမ္ပဏီ ၂ ခုဟာ ရင်ဘောင်တန်းလာကြပါတယ်။

Ref : gsmarena