[Zawgyi]

Apple ရဲ႕ သတင္းေတြကို ေစာင့္ၾကည့္ၿပီးေရးသားေဖာ္ျပေလ့ရွိတဲ့ Ming-Chi Kuo ကေတာ့ အေမရိကန္ကုမၸဏီႀကီးဟာ High-end iPad နဲ႔ MacBook ေတြအတြက္ အဆင့္ျမင့္မ်က္ႏွာျပင္ေတြ ျပဳလုပ္ေနၿပီလို႔ ဆိုလိုက္ပါတယ္။ ဒီမ်က္ႏွာျပင္ေတြကို Mini-LED နည္းပညာနဲ႔ ျပဳလုပ္ထားတာျဖစ္တယ္လို႔ Ming က ေျပာပါတယ္။

MacBook နဲ႔ iPad တို႔ဟာ မ်က္ႏွာျပင္အသီးသီးအတြက္ LED ေပါင္း တစ္ေသာင္း ဝန္းက်င္ အသုံးျပဳမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဟာ Apple ရဲ႕ လာမယ့္ Pro Display XDR မွာ သုံးထားမယ့္ LED အလုံးေရ ၅၇၆ လုံးထက္ အဆေပါင္းမ်ားစြာ ပိုေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ LED တိုင္းဟာ 2000 micron အ႐ြယ္အစား ျဖစ္လိမ့္မယ္လို႔လည္း ဆိုပါတယ္။

Apple အေနနဲ႔ ဒီ Mini-LED နည္းပညာကို ေအာင္ေအာင္ျမင္ျမင္နဲ႔ အသုံးျပဳႏိုင္ၿပီဆိုရင္ အဓိကထုတ္ကုန္ေတြအတြက္ မ်က္ႏွာျပင္လိုအပ္မႈျပႆနာကို ေလ်ာ့ခ်ႏိုင္မယ့္ အက်ိဳးအျမတ္ကိုလည္း ရလာဖြယ္ရွိပါတယ္။ အထူးသျဖင့္ ေတာင္ကိုရီးယား ကုမၸဏီႀကီး Samsung အေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

Mini-LED မ်က္ႏွာျပင္ေတြဟာ ပါးလႊာၿပီး ေပါ့ပါးတဲ့ဒီဇိုင္းျဖစ္ေပမယ့္ OLED panel ေတြလိုပဲ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ ရွိလိမ့္မယ္လို႔လည္း သိရပါတယ္။ ဒီနည္းပညာဟာ လာမယ့္ႏွစ္ကုန္ပိုင္းေလာက္မွ iPad ေတြမွာ စတင္အသုံးျပဳလာဖြယ္ရွိပါတယ္။ ဒီေနာက္မွာမွ MacBook Pro-series ေတြမွာ အသုံးျပဳလာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

အရည်အသွေးမြင့် iPad နဲ့ MacBook တွေကို Mini-LED မျက်နှာပြင်တွေနဲ့ထုတ်တော့မယ့် Apple

Apple ရဲ့ သတင်းတွေကို စောင့်ကြည့်ပြီးရေးသားဖော်ပြလေ့ရှိတဲ့ Ming-Chi Kuo ကတော့ အမေရိကန်ကုမ္ပဏီကြီးဟာ High-end iPad နဲ့ MacBook တွေအတွက် အဆင့်မြင့်မျက်နှာပြင်တွေ ပြုလုပ်နေပြီလို့ ဆိုလိုက်ပါတယ်။ ဒီမျက်နှာပြင်တွေကို Mini-LED နည်းပညာနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ Ming က ပြောပါတယ်။

MacBook နဲ့ iPad တို့ဟာ မျက်နှာပြင်အသီးသီးအတွက် LED ပေါင်း တစ်သောင်း ဝန်းကျင် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ Apple ရဲ့ လာမယ့် Pro Display XDR မှာ သုံးထားမယ့် LED အလုံးရေ ၅၇၆ လုံးထက် အဆပေါင်းများစွာ ပိုနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် LED တိုင်းဟာ 2000 micron အရွယ်အစား ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

Apple အနေနဲ့ ဒီ Mini-LED နည်းပညာကို အောင်အောင်မြင်မြင်နဲ့ အသုံးပြုနိုင်ပြီဆိုရင် အဓိကထုတ်ကုန်တွေအတွက် မျက်နှာပြင်လိုအပ်မှုပြဿနာကို လျော့ချနိုင်မယ့် အကျိုးအမြတ်ကိုလည်း ရလာဖွယ်ရှိပါတယ်။ အထူးသဖြင့် တောင်ကိုရီးယား ကုမ္ပဏီကြီး Samsung အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Mini-LED မျက်နှာပြင်တွေဟာ ပါးလွှာပြီး ပေါ့ပါးတဲ့ဒီဇိုင်းဖြစ်ပေမယ့် OLED panel တွေလိုပဲ ကောင်းမွန်တဲ့စွမ်းဆောင်ရည် ရှိလိမ့်မယ်လို့လည်း သိရပါတယ်။ ဒီနည်းပညာဟာ လာမယ့်နှစ်ကုန်ပိုင်းလောက်မှ iPad တွေမှာ စတင်အသုံးပြုလာဖွယ်ရှိပါတယ်။ ဒီနောက်မှာမှ MacBook Pro-series တွေမှာ အသုံးပြုလာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena