Apple ရဲ့ လက်ရှိအချိန်မှာရောင်းချနေတဲ့ iPad တွေဟာ လုံးဝကို စွမ်းဆောင်ရည်ပိုင်းအရကောင်းမွန်နေတာဖြစ်ပါတယ်။ အထူးသဖြင့် Performance ပိုင်းမှာလည်း iPad Pro မှာ M1 Chip ၊ iPad Mini 6 မှာ A15 Bionic ၊ iPad Air 4 မှာ A14 Bionic နဲ့ iPad 9 ကို A13 Bionic Chip အသီးသီးထည့်သွင်းပေးထားတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် iPad ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခုလည်း Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ iPad အသစ်တွေကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပြီး Bloomberg Media ရဲ့ Mark Gurmam ကနေ လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် iPad အသစ်တွေအကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

Mark Gurman ရဲ့ ပြောကြားချက်အရတော့ Apple ကနေ လာမယ့်နှစ်မှာ အဓိကမိတ်ဆက်သွားမှာကတော့ iPad Pro ကို Wireless Charging Support ပါဝင်တဲ့ Model အသစ်ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး Wireless Charging Support ပြုလုပ်မှာဖြစ်တာကြောင့် iPad Pro အသစ်ဟာ Glass Back Body အပြင် MagSafe Charging ၊ Wireless Charging တွေကိုပါ Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း Apple ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ iPad Air 5 အပြင် Entry Level iPad 10 ကိုပါ မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ Tablet ၂ မျိုးစလုံးဟာ အပြင်ပန်းအရ ကြီးမားတဲ့ပြောင်းလဲမှုတွေရှိမှာမဟုတ်ပေမယ့်လည်း Performance ပိုင်းနဲ့ တချို့သော Feature အသစ်တွေပါဝင်လာမယ်လို့ ယူဆရပါတယ်။

Apple ဟာ အစောပိုင်းတုန်းက iPad Pro အသစ်တွေကို Samsung OLED Display တွေနဲ့ ပြောင်းလဲထုတ်လုပ်မယ်လို့ သတင်းတွေထွက်လာပေမယ့်လည်း ပြီးခဲ့တဲ့လပိုင်းတုန်းက အဆိုပါ အစီအစဥ်ကို ဖျက်သိမ်းခဲ့တာကြောင့် iPad Pro အသစ်တွေဟာ LCD သို့မဟုတ် mini-LED Display ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာပါ။

Ref – Mac Rumors