Zawgyi

Apple ကေန အခုႏွစ္အတြက္ iPhone အသစ္ေတြကို လာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔ဆိုရင္ တရားဝင္မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုတရားဝင္မမိတ္ဆက္ခင္မွာတင္ ဒီ iPhone 11 အသစ္ေတြရဲ႕ Specifications ေတြနဲ႔ ေစ်းႏႈန္းေတြက အျပင္ကို ေပါက္ၾကားခဲ့ၿပီးျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ အခုလည္း မႏွစ္က iPhone XR ရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာမယ့္ iPhone 11 ရဲ႕ Benchmark ေတြပါ ေပါက္ၾကားလာခဲ့ပါၿပီ။

အခု iPhone XR ရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာမယ့္ iPhone က iPhone 11R ျဖစ္လာမလား iPhone 11 လို႔ပဲ ေခၚဆိုမလားဆိုတာကိုေတာ့ အခုအခ်ိန္အထိ အတည္မျပဳႏိုင္ေသးသလို အခု Leak ထြက္လာတဲ့ Geekbench Benchmark မွာလည္း iPhone 12.1 ဆိုၿပီးပဲေရးသားထားတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီႏွစ္ iPhone 11 ဟာ Processor ပိုင္းမွာ A13 Bionic Chip ကို အသုံးျပဳလာမယ့္အျပင္ RAM အေနနဲ႔လည္း 4GB ပါဝင္လာမွာျဖစ္ပါတယ္။ A13 Bionic Chip ဟာ မႏွစ္တုန္းက A12 Bionic Chip လိုမ်ိဳးပဲ 7nm Architecture ကို အေျခခံထားမွာျဖစ္တဲ့အတြက္ အခု Geekbench Benchmark အရလည္း Performance ပိုင္း သိသိသာသာတိုးတက္လာတာကို မေတြ႕ရွိခဲ့ရပါဘူး။

Geekbench မွာ ယခု iPhone 11 က Single Core Score မွာေတာ့ 5415 Marks ရရွိခဲ့ၿပီး မႏွစ္တုန္းကထက္ ပိုေကာင္းတဲ့ Performance ကို ရရွိခဲ့ေပမယ့္ Mulitcore Score မွာေတာ့ 11294 Marks နဲ႔ မႏွစ္တုန္းက A12 Bionic ရဲ႕ Performance ဝန္းက်င္ပဲရရွိခဲ့တာျဖစ္ပါတယ္။ အခု Benchmark ကေန iPhone 11 မွာ RAM 4GB ပါမယ္ဆိုတာကိုပါ အတည္ျပဳႏိုင္ခဲ့ပါတယ္။

အခုလိုမ်ိဳး Single Core Score မွာ သိသိသာသာတိုးတက္လာတာက A13 Bionic Chip ဟာ Clock Speed မွာ 2.49GHz ကေန 2.66GHz ကို တိုးလိုက္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ TSMC က အခု A13 Bionic Chip မွာ 7nm Architecture ကို အသုံးျပဳထားတုန္းေပမယ့္ Extreme Ultraviolet Lithography (EUV) နည္းပညာေၾကာင့္ ပိုၿပီး Power စားသက္သာလာဖို႔ရွိေနပါတယ္။

Apple iPhone 11 အသစ္ေတြဟာ စြမ္းေဆာင္ရည္ပိုင္းမွာ Galaxy Note 10 ဖုန္းေတြရဲ႕ Exynos 9825 နဲ႔ Snapdragon 855+ Processor သုံးထားတဲ့ Android ဖုန္းေတြနဲ႔ အဓိကယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ မႏွစ္ကေလာက္ စြမ္းေဆာင္ရည္ပိုင္းမွာ ကြာျခားမွာမဟုတ္ေတာ့ဘူးလို႔ ယူဆရပါတယ္။

Ref – Phone Arena

Unicode

Apple ကနေ အခုနှစ်အတွက် iPhone အသစ်တွေကို လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ဆိုရင် တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတရားဝင်မမိတ်ဆက်ခင်မှာတင် ဒီ iPhone 11 အသစ်တွေရဲ့ Specifications တွေနဲ့ စျေးနှုန်းတွေက အပြင်ကို ပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အခုလည်း မနှစ်က iPhone XR ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် iPhone 11 ရဲ့ Benchmark တွေပါ ပေါက်ကြားလာခဲ့ပါပြီ။

အခု iPhone XR ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် iPhone က iPhone 11R ဖြစ်လာမလား iPhone 11 လို့ပဲ ခေါ်ဆိုမလားဆိုတာကိုတော့ အခုအချိန်အထိ အတည်မပြုနိုင်သေးသလို အခု Leak ထွက်လာတဲ့ Geekbench Benchmark မှာလည်း iPhone 12.1 ဆိုပြီးပဲရေးသားထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ် iPhone 11 ဟာ Processor ပိုင်းမှာ A13 Bionic Chip ကို အသုံးပြုလာမယ့်အပြင် RAM အနေနဲ့လည်း 4GB ပါဝင်လာမှာဖြစ်ပါတယ်။ A13 Bionic Chip ဟာ မနှစ်တုန်းက A12 Bionic Chip လိုမျိုးပဲ 7nm Architecture ကို အခြေခံထားမှာဖြစ်တဲ့အတွက် အခု Geekbench Benchmark အရလည်း Performance ပိုင်း သိသိသာသာတိုးတက်လာတာကို မတွေ့ရှိခဲ့ရပါဘူး။

Geekbench မှာ ယခု iPhone 11 က Single Core Score မှာတော့ 5415 Marks ရရှိခဲ့ပြီး မနှစ်တုန်းကထက် ပိုကောင်းတဲ့ Performance ကို ရရှိခဲ့ပေမယ့် Mulitcore Score မှာတော့ 11294 Marks နဲ့ မနှစ်တုန်းက A12 Bionic ရဲ့ Performance ဝန်းကျင်ပဲရရှိခဲ့တာဖြစ်ပါတယ်။ အခု Benchmark ကနေ iPhone 11 မှာ RAM 4GB ပါမယ်ဆိုတာကိုပါ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုလိုမျိုး Single Core Score မှာ သိသိသာသာတိုးတက်လာတာက A13 Bionic Chip ဟာ Clock Speed မှာ 2.49GHz ကနေ 2.66GHz ကို တိုးလိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ TSMC က အခု A13 Bionic Chip မှာ 7nm Architecture ကို အသုံးပြုထားတုန်းပေမယ့် Extreme Ultraviolet Lithography (EUV) နည်းပညာကြောင့် ပိုပြီး Power စားသက်သာလာဖို့ရှိနေပါတယ်။

Apple iPhone 11 အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ Galaxy Note 10 ဖုန်းတွေရဲ့ Exynos 9825 နဲ့ Snapdragon 855+ Processor သုံးထားတဲ့ Android ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်ရမှာဖြစ်ပြီး ဒီနှစ်မှာတော့ မနှစ်ကလောက် စွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားမှာမဟုတ်တော့ဘူးလို့ ယူဆရပါတယ်။

Ref – Phone Arena