လာမဲ့နှစ် iPhone 15 တွေရဲ့ အဓိကပြောင်းလဲခြင်းတွေထဲမှာ USB-C ကို ပြောင်းလဲအသုံးပြုမှာကတော့ အသေချာဆုံး ဖြစ်ပါလိမ့်မယ်။ iPhone 15 Pro နဲ့ iPhone 15 Pro Max တို့မှာ Type C သုံးတာနဲ့ပတ်သက်တဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ Apple လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

Apple အနေနဲ့ USB-C ကို ပြောင်းလဲအသုံးပြုခြင်းရာမှာ iPhone 15, iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max အပါအဝင် စီးရီးတစ်ခုလုံးပါဝင်မှာ ဖြစ်ပါတယ်။ ဒီအထဲကမှ အဆင့်မြင့် Device နှစ်ခုဟာ ဒေတာလွှဲပြောင်းမှုနှုန်း သိသိသာသာ မြန်ဆန်လာမယ်လို့ သိရပါတယ်။ 15 နဲ့ 15 Plus တို့ဟာ Lighting လိုမျိုး USB 2.0 မြန်နှုန်းပဲ ရှိနေဦးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Apple ဟာ Pro နဲ့ Pro မဟုတ်တဲ့ မော်ဒယ်တွေကြားမှာ iPhone အမျိုးအစားကို ထပ်ဆင့်ချဲ့ထွင်ဖို့ ဗျူဟာကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ iPhone 15 Pro နဲ့ 15 Pro Max (ဒါမှမဟုတ် Ultra) မှာ အနည်းဆုံး USB-C 3.2 ဒါမှမဟုတ် Thunderbolt 3 ဒေတာလွှဲပြောင်းမှုအမြန်နှုန်းတွေ အနည်းဆုံးပါဝင်မယ်လို့ Kuo က ပြောပါတယ်။

နောက်ဆုံးစစ်တမ်းအရဆိုရင် 2H23 iPhone အသစ်တွေအားလုံးဟာ Lighting ကို စွန့်လွှတ်ပြီး USB-C ကို ပြောင်းမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် iPhone 15 Pro နဲ့ Pro Max တွေမှာတော့ ကြိုးမဲ့ရော၊ ကြိုးနဲ့ပါ မြန်ဆန်တဲ့ ဒေတာလွှဲပြောင်းမှုအတွေ့အကြုံကို သယ်ဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: 9To5Mac