StockApps ရဲ့ မကြာခင်က စစ်တမ်းအရ အမေရိကန်မှာ iPhone သုံးစွဲသူ ၅၀ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်ပါတယ်။ စစ်တမ်းအရ iPhone သုံးစွဲသူဟာ Android ကို ကျော်တက်သွားပါပြီ။

iPhone VS Android - Which Smartphone is More Secure? - The VPN Guru

StockApp ရဲ့ လေ့လာဆန်းစစ်သူ Edith Reads က အဲဒီ ဒေတာအပေါ် သူမရဲ့ ထင်မြင်ချက်ကို ပြောပြပါတယ်။ သူမက “ iPhone ဟာ အမေရိကန် လူမျိုးတွေကြားမှာ အမြဲ  ရေပန်းစားပါတယ်။ ဒါပေမယ့် ဒီဒေတာတွေက မကြာခင်နှစ်တွေအတွင်း iPhone ရဲ့ အုပ်စိုးမှု ဘယ်လောက်များလာသလဲဆိုတာ ပြသနေပါတယ်။ ကွာတားတိုင်း အမေရိကန်မှာ Android ကနေ iOS ပြောင်းကိုင်သူတွေ ပိုမိုများပြားလာပါတယ်။ Apple ဟာ နှစ်တိုင်း စက်တင်ဘာလမှာ ဖုန်း Series အသစ်တွေကို ရောင်းချလေ့ရှိတဲ့အတွက် ကုမ္ပဏီရဲ့ Device တွေဟာ အမြဲ Update ဖြစ်နေပါတယ်။ အမေရိကန်မှာ အောင်မြင်သလို တခြား နိုင်ငံတွေမှာလည်း အလားတူ အောင်မြင်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

3 ways iOS is beating Android and what Google can do to change it

ပထမဆုံး iPhone ရောင်းချပြီး ၁ နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ ပထမဆုံး Android စမတ်ဖုန်း ထွက်လာပါတယ်။ Samsung, Nokia, Motorola နဲ့ BlackBerry တို့လို Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ နာမည်ကျော်ကြားမှုကြောင့် Apple ဟာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းကို ဘယ်တုန်းကမှ မရခဲ့ပါဘူး။

iPhone တွေ အမေရိကန်မှာ အောင်မြင်နေတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ Apple ဟာ စမတ်ဖုန်း လုပ်ငန်းမှာ Brand Loyalty ကို ထိန်းထားနိုင်သလို အမေရိကန်က iPhone ပိုင်ရှင်တိုင်းဟာ iPhone အသစ်ကို ပြောင်းကိုင်ချင်ကြပါတယ်။ အမေရိကန် လူမျိုးအများစုဟာ iPhone ဝယ်ဖို့ တတ်နိုင်ကြပြီး ဖုန်း အရည်အသွေးမြင့်တဲ့အတွက် ဈေးနှုန်းက သင့်တင့်တယ်လို့ ထင်ကြပါတယ်။

ref : gizchina