Apple ဟာ လာမယ့် မတ်လ ၈ ရက်နေ့မှာ ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး Event ကို ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ စျေးသက်သာတဲ့ iPhone SE 3 အပြင် A15 Bionic Chip ကို အဆင့်မြှင့်တင်ထားတဲ့ iPad Air 5 တွေကို မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Apple ကနေ အဆိုပါ iPhone SE 3 နဲ့ iPad Air 5 တွေကို စတင်ပြီး အမြောက်အများထုတ်လုပ်နေပြီလို့ သိရပါတယ်။ အခုသတင်းကိုတော့ Macotakara အမည်ရှိတဲ့ Japanese Tech Platform တစ်ခုကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယုံကြည်ရတဲ့ Chinese Source တွေကနေ အတည်ပြုထားခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

iPhone SE 3 သို့မဟုတ် iPhone SE 2022 ဟာ Body Design ပိုင်းမှာ ပြီးခဲ့တဲ့ iPhone SE 2020 နဲ့ အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone 8 Design ဖြစ်တဲ့ Glass နဲ့ Aluminum Chassis ကို အသုံးပြုထားမှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတဲ့သတင်းတစ်ခုကတော့ iPhone SE 3 (2022) Model ဟာ ယခင်တုန်းက သတင်းထွက်ထားသလို MagSafe Charging ကို Support ပြုလုပ်မှာမဟုတ်ပါဘူး။ Apple ရဲ့ MagSafe Charging နည်းပညာဟာ iPhone 12 Series မှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး သာမန် Qi Wireless Charging ထက် ပိုမိုမြန်ဆန်သလို တခြားသော Accessories တွေကိုလည်း အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခုမတ်လမှာ မိတ်ဆက်မယ့် iPhone SE 3 နဲ့ iPad Air 5 တို့ရဲ့ အဓိကအားသာချက်က Performance ပိုင်းဖြစ်ပြီး Apple A15 Bionic Chip ကို Device ၂ ခုစလုံးမှာ အသုံးပြုထားမှာဖြစ်ပါတယ်။

Ref – Gizmo China