iQOO က Neo8 နဲ့ Neo8 Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Neo8 Pro မှာ Dimensity 9200+ Chipset ထည့်သွင်းထားပြီး WiFi 7 ဆက်သွယ်မှုကို ထောက်ပံ့ထားကာ 16GB LPDDR5x RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းနိုင်ပါတယ်။

iQOO Neo8 series

iQOO Neo8 မှာတော့ Snapdragon 8+ Gen 1 Chip မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ထောက်ပံ့ထားပါတယ်။

iQOO Neo8 Pro chipset and vapor chamberiQOO Neo8 Pro chipset and vapor chamber

ဖုန်း ၂ လုံးစလုံးမှာ 6.78” AMOLED 1260x2800p မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ပါပါတယ်။ Neo8 Pro မှာ 50MP Sony IMX866 Main (OIS) နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Neo8 မှာ 50MP Samsung GN5 (OIS) နဲ့ 2MP Depth ကင်မရာ ထည့်သွင်းထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး 120W Fast Wired Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

iQOO Neo8 ရဲ့ 12/256GB ကို ၃၂၅ ဒေါ်လာနဲ့ 16/512GB ကို ၄၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

iQOO Neo8 Pro ရဲ့ 16/256GB ကို ၄၄၀ ဒေါ်လာနဲ့ 16/512GB ကို ၄၈၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးအတွက် Red, Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ မေလ ၃၁ ရက်နေ့ ရောင်းချမှာပါ။

ref : gsmarena