iQOO ဟာ အခုနောက်ပိုင်းမှာ Gaming Phone တွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေကိုပါ မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက iQOO ကနေ Qualcomm Snapdragon 695 Chipset ကို အသုံးပြုထားတဲ့ iQOO U5 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး အခုလည်း နောက်ထပ် Mid Range ဖုန်းတစ်လုံးဖြစ်လာတဲ့ iQOO U5x ကို မိတ်ဆက်လိုက်ပါတယ်။

အခု iQOO U5x စမတ်ဖုန်းဟာ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB သို့မဟုတ် 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 128GB ပါဝင်မှာဖြစ်ပြီး MicroSD Card Slot ကနေ နောက်ထပ် 1TB အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 6.51″ HD+ LCD Display ပါဝင်ပြီးတော့ 8MP Selfie Camera ကို Waterdrop Notch Design အနေနဲ့ ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာတော့ Dual Camera Setup ကို အသုံးပြုထားပြီး 13MP Primary Sensor အပြင် 2MP Macro Sensor ပါဝင်မှာဖြစ်ပါတယ်။

iQOO U5x ဖုန်းဟာ Android 11 ကို အခြေခံထားတဲ့ OriginOS Ocean ကို အသုံးပြုထားပြီး 5000mAh Battery လည်းပါဝင်မှာဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာတော့ MicroUSB ကိုပဲ အသုံးပြုထားတာကြောင့် 10W Charging ကိုပဲ Support ပြုလုပ်နိုင်မှာပါ။

iQOO U5x ဟာ RAM 4GB Version ကို 899 Yuan (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး RAM 8GB Version ကိုတော့ 1,099 Yuan (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena